Home > Uncategorized > ခေတ်ပျက်ရဲ့ အိပ်မက်ဆိုးတွေ

ခေတ်ပျက်ရဲ့ အိပ်မက်ဆိုးတွေ

ခေတ်ပျက်ရဲ့  အိပ်မက်ဆိုးတွေ

မျက်မှောက်ခေတ်

သမုဒ္ဒရာ ၀မ်းတစ်ထွာ ဆိုသည့်အတိုင်း လူတိုင်းက စား၊၀တ်၊နေရေးအတွက် နေ့ဘက်မှာအလုပ်လုပ်ကြပြီး ညပိုင်းမှာ အိပ်စက် အနားယူကာ လာမယ့်မနက် ဖြန်အတွက် အားမွေးကြရသည်။

ညပိုင်းအလုပ်အလုပ်ကြသူတွေကတော့ နေ့ခ
င်းဘက် အိပ်ကြလိမ့်မည်။များသောအားဖြင့်တော့ ညပိုင်းမှာ အိပ်စက်အနားယူကြသည်။

တနေ့တာ ပင်ပန်းသမျှ အိပ်စက်အနားယူပြီး မနက် ဖြန်အတွက် အားမွေးရတဲ့အချိန်မှာ အိပ်၍ကောင်းခြင်း ဖြစ်ဖို့လည်း အရေးကြီးပါသည်။

အိပ်ကောင်းခြင်းဆိုသည်မှာ ပတ်၀န်းကျင်၊ရာသီဥ တု၊ခေတ်အခြေအနေအပြင် အိပ်မက်တွေ ပါ၀င်လိမ့်ဟု ထင်မိသည်။

ညအိပ်တဲ့အခါ အိပ်မက် မက်လိမ့်မည်။အိပ်မက် မမက်တဲ့ညတွေလည်း ရှိပါသည်။တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြသူအချင်းချင်း ဖုန်းနဲ့သော်လည်းကောင်း၊အင်တာနက်ကွန်ယက် အချိတ်ဆက်နဲ့သော်လည်းကောင်း ညပိုင်းအချိန် စကားပြောကြရင်းအိပ်ချိန်ရောက်လို့နူတ်ဆက်စကားပြောကြတဲ့အခါ အိပ်မက် လှလှ မက်ပါစေ လို့ ပြောတတ်ကြသည်။

အိပ်ယာ၀င်ချိန်မှာ အိပ်မက်လှလှမက်ပါစေဆိုတဲ့တစ်ယောက်နဲ့တစ်ယောက် ဆုတောင်းပေးကြတာကြည့်ခြင်းအားဖြင့် အိပ်မက်ရဲ့ အရေးပါပုံ ကို သတိထားမိကြရပါလိမ့်မည်။အခုလို အချိန်ကာလမှာ ပို၍ သိကြပါလိမ့်မည်။

လူတွင်မဟုတ် ခွေးတွေလည်း အိပ်မက် မက်သည်။တစ်ညလုံး အိမ်ရဲ့လုံခြုံရေးအတွက်ကင်းစောင့်ပေးတဲ့ ခွေးကလေးတွေ နေ့ခင်းဘက် အိပ်နေရင်း ထဟောင်တတ်ကြတာ ခွေးမွေးဖူးပြီး ခွေးကိုဂရုစိုက်၊ချစ်ကြသူတိုင်း ကြုံဖူးကြလိမ့်မည် ထင်သည်။

စစ်ကောင်စီတပ်ဖွဲ့က မတရားအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်ကစပြီး အိပ်မက်ဆိုးတွေ မက်ကြတယ်လို့ တွေ့ဆုံ စကားပြောသူတိုင်းက ပြောကြသည်။

သေနတ်ကိုင်ထားတဲ့ စစ်သားတွေ နောက်ကလိုက် ဖမ်းလို့ ပြေးရတာ၊အိပ်နေတဲ့နေရာအနီးမှာ ဗုံးသီးပေါက်လို့ လန့်အော်မိတာ၊မိသားစုကို သေနတ်တွေနဲ့ထောက်ပြီး ဖမ်းခေါ်သွားလို့ ငိုရတာ စတဲ့ အိပ်မက်ဆိုးတွေ မြင်မက်ခဲ့ပြီး အိပ်ယာက လန့်နိုးခဲ့ရတဲ့ ညတွေ အမြဲလိုလို ကြုံရတယ်လို့ ပြောကြသည်။

ကျွန်တော်ကိုယ်တိုင်လည်း အဲ့သလို အိပ်မက်တွေ မက်ပါသည်။တခါတရံ အိပ်မှုံစုံမွှားနဲ့ အိပ်မက်လား တကယ်လားဆိုတာ ဝေခွဲမရဖြစ်နေသလို တခါတရံမှာတော့ မနက်မိုးလင်းလို့ အလုပ်လုပ်ရတဲ့အချိန်
ထိ ညကအိပ်မက်ဆိုးတွေ လွှမ်းမိုး၊ စိုးမိုးနေ
သည်။

အိပ်ကောင်းခြင်း၊စားကောင်းခြင်းကို ပြည်သူလူထု မခံစားကြရတာဟာ မင်းအောင်လှိုင် မတရားအာဏာသိမ်းလိုက်တာကြောင့်ဖြစ်ပါသည်။

error: Content is protected !!