Home > Uncategorized > ရေခြားမြေခြားအရပ်က ရင်ဖွင့်စာ

ရေခြားမြေခြားအရပ်က ရင်ဖွင့်စာ

ရေခြားမြေခြားအရပ်က ရင်ဖွင့်စာ

အရင်က ဥယျဉ်မှူး အခုရွေ့ပြောင်းလုပ်သား(၂)

ထွန်းရောင်ရှိန် (မျက်မှောက်ခေတ်)

ကျွန်တော်ငယ်စဉ်က ဖြစ်ချင်တာက အဖြူအစိမ်းလေးဝတ်ပြီး စာသင်ချင်တဲ့ ကျောင်းဆရာတစ်ဦးပါပဲ။

ကျွန်တော်ကငယ်စဉ်က စာမတော်ပါဘူး။အတန်းမှာလူ ၅၀ရှိရင်အဆင့်က ၄၅လောက်ရှိတယ်။ ကိုယ့်နောက်မှာဆိုလို့ ၅ယောက်လောက်ပဲ ကျန်တော့တယ်။

ဒါ‌ပေမယ့် ဆယ်တန်းအထိကို ရောက်လာခဲ့ပါတယ်။ဆယ်တန်းရောက်တော့လဲ ဆယ်တန်းကို နှစ်ချင်းပေါက် မအောင်မြင်ခဲ့ပါဘူး။ ကိုယ့်ထက်တော်တဲ့လူတွေလဲ မအောင်ကြပါဘူး။ ဆက်ပြီးကြိုးစားတာ ဆယ်တန်းအောင်လာတယ်။

ကျောင်းတွေမှာ ဆယ်တန်းအောင် စာရေး (၁)၊ဘွဲ့ရစာရေး (၂) ခေါ်တော့ ဝင်လျှောက်ခဲ့ပါတယ်။ စာရေးပါဖို့အတွက် ကျောင်းတွေမှာ လုပ်အားပေး ပေးခဲ့ပါတယ်။ ကျောင်းအုပ်ရဲ့ထောက်ခံချက်ရအောင်ပေါ့။အဲတာနဲ့ သွားဖြေပါတယ်။

အောင်စာရင်းတွေ ထွက်လာတော့ ကျွန်တော်တို့မပါခဲ့ဘူး။ ပိုက်ဆံပေးထားတဲ့သူ ပညာရေးမှူးရုံးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့သူတွေပဲ ပါလာခဲ့ပါတယ်။

တစ်ချို့ဆို အရမ်းသိသာပါတယ်။ အမည်တော့ထည့်မပြောတော့ပါဘူး။ တူမ/တူအကုန်ပါတယ်။ အဲ့တာကျတော့ သိသာလွန်းပါတယ်။ နောက်ပြီးရာထူးတိုး ရာထူးပြောင်းရွှေ့တွေဆို အကုန်လုံးလာဘ်ထိုးကြရတာချည်းဘဲ။

တစ်ချို့ဆို အိမ်နဲ့နီးတဲ့ကျောင်း လိုချင်တာတို့၊လမ်းဘေးကျောင်း လိုချင်တာတို့ဆို ငွေများများပေးလိုက် အကုန်ရတယ်။ အဓိက က ငွေပါပဲ။အဲ့တာကဝန်ထမ်းတိုင်း အကုန်လုံးနီးပါးပါဘဲ။ မယုံမရှိနဲ့ကြုံရင်ဝန်ထမ်းတစ်ဦးလောက် မေးကြည့်ရင် သိလာပါလိမ့်မယ်။

“အထက်ဖားအောက်ဖိ”ဆိုတဲ့အတိုင်း ဝန်ထမ်းတိုင်းက အထက်ကိုတော့ ဖားကြရတာချည်းပါဘဲ။ အောက်လက်ငယ်သားမှန်သမျှကိုတော့ ပိုပြီးဖိကြပါတယ်။

ကျွန်တော် ကျင်လည်ခဲ့တဲ့ ဘဝနဲ့ပြောရင် တိုင်းပညာရေးမှူးလာတော့ မြို့နယ်ကဖား၊မြို့နယ်ကလာတော့ကျောင်းအုပ်ကဖား။သူတို့ကိုဆူရင် သူတို့ကအောက်လက်ငယ်သားကိုဖိ ကြရော။

ဒါကတော့ထုံးစံအတိုင်းပါပဲ။ ဒါကိုဝန်ထမ်းတိုင်း သိကြပါတယ်။ မသိချင်ယောင်ဘဲ ဆောင်နေကြရတာပါ။အမှန်အတိုင်းပြောလို့မရတဲ့ ခေတ်ကြီးပါ။

#ထွန်းရောင်ရှိန်

error: Content is protected !!