စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်အတည်ပြုလူနာ ၄၀၀ ကျော်ရှိလာ
စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာဦးရေ ၄၀၀ ကျော်ရှိလာနေပြီဖြစ်ပါတယ်။ နိုဝင်ဘာလ ၄ ရက်နေ့မနက်ပိုင်းကလည်း ကိုဗစ်အတည်ပြုလူနာ ၁၃ ဦး ရောဂါပိုး ထပ်တိုးတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီက ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းမြို့နယ်က ပိုးတွေ့လူနာတွေဟာ... Read More
ကနီတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့အမှု တစ်ရက်ထဲ ၃ မှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ အပါအဝင် ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့အမှု တစ်ရက်ထဲ ၃ မှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုကိုတော့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားရုံးကို ဦးတိုက်လျှောက်ထား စွဲဆိုခဲ့တာဖြစ်ပြီး ကျန်အမှုတွေကိုတော့ NLD ပါတီအောင်နိုင်ရေးကော်မတီက တရားလိုပြုလုပ်ခဲ့တာပါ။ “နဘူးစွဲကျေးရွာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို... Read More
ခန္တီးတွင် နာဂအမျိုးသားပါတီက အင်အားပြလှည့်လည်စည်းရုံး
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့တွင် ဒေသခံတိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ နာဂအမျိုးသားပါတီက နိုဝင်ဘာလ ၄ ရက်နေ့မှာ ခန္တီးမြို့နှင့် အနီးပတ်ဝန်းကျင်တွေကို အင်အားပြ လှည့်လည်မဲဆွယ်ခဲ့ကြပါတယ်။ ဒီမဲဆွယ်ပွဲမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ပါဝင်ပြီး မဲဆွယ်ခဲ့တာဖြစ်ကာ နာဂါအမျိုးသားပါတီအနေနဲ့တော့ ခန္တီးမြို့မှာ ပထမဆုံးအကြိမ်အဖြစ် အင်အားပြ မဲဆွယ်ခဲ့တာလည်း... Read More
ရိခေါ်ဒါရ်မြို့တွင် ဘာသာရေးကိစ္စစကားများရာက ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံ အမျိုးသားတစ်ဦး အသတ်ခံရ
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၊ အမှတ် ၁ ရပ်ကွက်ရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံအမျိုးသားတစ်ဦး နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ဦးခေါင်းပြတ်ဒဏ်ရာနဲ့ အသတ်ခံရခဲ့တယ်လို့ ရိခေါ်ဒါရ်နယ်မြေရဲစခန်းက သိရပါတယ်။ အဲဒီနေ့က သေဆုံးသူ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံ... Read More
တန့်ဆည်တွင် UEC တံဆိပ်တုံးနှစ်ခု ပျောက်ဆုံးမှုဖြစ်လို့ အမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ အုတ်ဖိုအိုင်ကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက်နေ့က ကြိုတင်ဆန္ဒမဲပေးရာမှာ အသုံးပြုတဲ့ UEC တံဆိပ်ပါ ဆန္ဒပြုတံဆိပ်တုံး နှစ်ခု ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။ “တံဆိပ်တုံးပျောက်တဲ့အကြောင်းကို မနေ့က ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အောက်တိုဘာလ... Read More
ဒေသတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ပျားတောင်သူများ ပျားရည် သိုလှောင်စရာ အခက်အခဲဖြစ်နေ
မြန်မာနိုင်ငံမှာ ပျားလုပ်ငန်းအများဆုံးလုပ်ကိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကနီ၊ ဘုတလင်၊ ဒီပဲယင်းမြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဒေသတွင်း သွားလာကန့်သတ်တာတွေရှိနေပြီး ပျားရည် ဝယ်ယူတဲ့ ကုမ္ပဏီတွေက ပျားရည် ဝယ်ယူမှု မရှိတာကြောင့် ထွက်ရှိနေတဲ့ ပျားရည်တွေ သိုလှောင်စရာပင်မရှိတော့တဲ့ အခက်အခဲကြုံနေရတယ်လို့ ပျားမွေးတောင်သူတွေက ပြောပါတယ်။... Read More
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့မှာ နွားကိုယ်ရေးပြားရောဂါတမျိုးဖြစ်နေပြီး သေဆုံးတာတွေဖြစ်ပေါ်နေ
စစ်ကိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့မှာ ကျွဲနွားတွေမှာ ဖြစ်တတ်တဲ့ ကိုယ်ရေးပြားရောဂါပိုးတစ်မျိုး ကျရောက်နေပြီး သေဆုံးတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒီရောဂါက ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ကာ ရောဂါအတိအကျကိုတော့ ဓာတ်ခွဲခန်းပို့ထားဆဲဖြစ်လို့ အတိအကျမသိရသေးဘူးလို့ တိုင်းတိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။ ရောဂါကြောင့် ကျွဲနွားသေဆုံးမှုတွေ ရှိပေမယ့် လူကို ကူးစက်နိုင်ခြင်းမရှိဘူးလို့လည်း... Read More
စစ်ကိုင်းမြို့နယ် အမှတ်(၃) ဆေးဝါးစက်ရုံဂိုဒေါင် မီးလောင်
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းအုပ်စု၊ ချောင်းပေါက်ကျေးရွာမှာရှိတဲ့ အမှတ်(၃) ဆေးဝါးစက်ရုံ ဂိုဒေါင်မှာ နို၀င်ဘာ (၂) ရက် ည ၁၂ နာရီ၀န်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာန သတင်းတွေအရ သိရပါတယ်။ မီးလောင်မှု ဖြစ်ပွားခဲ့တာဟာ စက်ရုံဂိုဒေါင်ရဲ့ မျက်နှာကျက်အတွင်းမှာရှိတဲ့ လျှပ်စစ်ဝါယာကြိုးကို... Read More
ခန္တီးတွင် NLD ထောက်ခံသူတွေ ဒုတိယအကြိမ် အင်အားပြ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝန်းရံသူတွေက ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက အင်အားပြ လှည့်လည်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအင်အားပြပွဲမှာ ကားအစီး ၃၀ အပြင် ဆိုင်ကယ်တွေလည်း ပါဝင်ပြီး လူဦးရေ ခန့်မှန်း... Read More






