Home > သတင်း (Page 31)

ကိုဗစ်ကပ်ရောဂါကြောင့် မုံရွာမြို့ အထင်ကရ သီတင်းကျွတ် ဘုရားကြီးပွဲတော် မကျင်းပဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိပြီး အစည်ကားဆုံး ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ ဆုတောင်းပြည့် ဗုဒ္ဓပူဇနိယပွဲတော် ခေါ် သီတင်းကျွတ် ဘုရားကြီးပွဲတော်ကို အခုနှစ်မှာတော့ COVID-19 ကပ်ရောဂါအခြေနေကြောင့် မကျင်းပဖြစ်တော့ပါဘူး။ မုံရွာမြို့ သီတင်းကျွတ် ဘုရားကြီးပွဲက မုံရွာဒေသရဲ့ အစည်းကားဆုံးပွဲတော်ဖြစ်ပြီး နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်...
Read More

ဟားခါးမြို့နယ် ဟားခါး-ဂန့်ဂေါလမ်းတွင် ခြောက်ဘီးယာဉ်တစ်စီး တိမ်းမှောက်ပြီး လူတစ်ဦးသေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြိုနယ်၊ ဟားခါး-ဂန့်ဂေါလမ်းမှာ ယာဉ်မောင်းအိပ်ငိုက်ရာကနေ အောက်တိုဘာ ၅ ရက်နေ့ ည ၁၀ နာရီအချိန်က ခြောက်ဘီးယာဉ်တစ်စီး ချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့တယ်လို့ ဟားခါးမြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။ ယာဉ်မောင်း ဦးနိုင်လင်းဦး ( ၄၀ နှစ်) မောင်းနှင်လာတဲ့ FORLAND...
Read More

NLD ပါတီရဲ့ မေတ္တာရပ်ခံချက်ကို မလိုက်နာဘဲ ကျွန်းလှမြို့တွင် NLD ဝန်းရံထောက်ခံသူ ၁၀၀၀ ခန့်မြို့တွင်း လှည့်လည်မဲဆွယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့မှာ အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းက အမျိုးသားဒီမိုကရေစီပါတီကို ဝန်းရံထောက်ခံသူ ၁၀၀၀ ဝန်းကျင်စုရုံးကာ ဆိုင်ကယ်၊ ကား၊ သုံးဘီးယာဉ်တွေနဲ့ မြို့တွင်း လှည့်လည်ကာ မဲဆွယ်အင်အား ပြခဲ့ကြပါတယ်။ ကျွန်းလှမြို့ အမျိုးသားဒီမိုကရေစီပါတီကို ဝန်းရံထောက်ခံသူ ပြည်သူတွေက မြို့တွင်းလမ်းတွေအပြင်...
Read More

ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန် ကုန်တင်ယာဉ်တွေကို သတ်မှတ်ချက်တွေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က ဖြတ်သန်းခွင့်ပြု

ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန်ရည်ရွယ်ကာ အဝေးပြေးကုန်တင်ယာဉ်တွေကို COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က သတ်မှတ်အမြန်နှုန်းအတိုင်း ဖြတ်သန်း မောင်းနှင်ရန်ခွင့်ပြုပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၅ ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။ ပြည်တွင်း ကုန်စည်စီးဆင်းမှုအဆင်ပြေစေရန် အောက်တိုဘာလ ၅ ရက်နေ့ကနေ နိုဝင်ဘာလကုန်ထိ နှစ်လတာ ယာယီ...
Read More

ဧရာဝတီမြစ်ရေမြင့်တက်လို့ မြောင်မြို့နယ်က စိုက်ဧက ၅ ထောင်ကျော် ရေနစ်မြုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာတဲ့အတွက် တောင်သူတွေစိုက်ပျိုးထားတဲ့ မိုးစပါးအပါအဝင် မိုးနှောင်းသီးနှံစိုက်ဧက ၅၅၀၀ ကျော်ရေနစ်မြုပ်ခဲ့ပါတယ်။ ဧရာဝတီနှင့် ချင်းတွင်းမြစ်အထက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မြစ်ရေကြီးမှုက စက်တင်ဘာလ နောက်ဆုံးပတ်ကနေ စတင်ကာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး မြောင်မြို့နယ်အတွင်း ကျေးရွာ ၃၁ အုပ်စုက လယ်ယာသီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်ခဲ့တာပါ။...
Read More

သပိတ်ကျင်းမြို့နယ်က NLD မဲဆွယ်စည်းရုံးရေး ထော်လာဂျိီတိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ လူ ၃၂ ဦး ဒဏ်ရာတွေရ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်း-တကောင်းမြို့သွားကားလမ်း မိုင်တိုင်အမှတ် ၄၀/၂ နေရာအနီးမှာ အောက်တိုဘာလ ၅ ရက် နေ့လည်ပိုင်းက ခရမ်းစပ်ကုန်းကျေးရွာကနေ တကောင်းမြို့ကို မဲဆွယ်စည်းရုံးရေးထွက်လာခဲ့ ထော်လာဂျီယာဥ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်တိမ်းမှောက်မှုကောင့် ယာဉ်ပေါ်ပါ လူ ၃၂ ယောက် ဒဏ်ရာကိုယ်စီ...
Read More

ချင်းပြည်နယ်တွင် တိုက်ပွဲရှောင်တွေများလာလို့ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းမှာ မဲပေးဦးရေ ၁ သောင်းကျော် လျော့နည်း

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ခုနှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင်ဦးရေ ၁ သောင်းကျော် လျော့နည်းသွားတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းတွေအရ သိရပါတယ်။ ချင်းပြည်နယ်မှာ ပထမအကြိမ် ၂၁ ရက်အကြာ မဲစာရင်းကြေညာခဲ့ရာ မဲဆန္ဒရှင်ဦးရေ ၃၄၂၁၄၂ ဦးရှိပြီး...
Read More

မြိုင်မြို့နယ် ကန်နီရွာမှာ အသံချဲ့စက် ဆူညံစွာ မဖွင့်ဖို့ သွားရောက်တားမြစ်ရာကနေ ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခံရလို့ လူငယ်တစ်ဦး ဆေးရုံတက် ကုသမှု ခံယူနေရ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှာ အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက အသံချဲ့စက်ဖွင့်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားမှု တစ်ခု ဖြစ်ပေါ်ခဲ့တာကြောင့် ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ကနေ လာရောက်ထိန်းသိမ်းခဲ့ရပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုမှာ ကျေးရွာသားတစ်ချို့ပါ ပါဝင်လာခဲ့ပြီး ဦးမြင့်နိုင်ရဲ့ နေအိမ်အဆောက်အဦးတွေ၊ ကားတွေနှင့် တခြားပစ္စည်းတွေ...
Read More

ရဲတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေအပါအဝင် စစ်ကိုင်းတိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦး ထပ်တိုးတွေ့ရှိရတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ က ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် မိသားစုဝင်တွေအပါအဝင် စုစုပေါင်း ၅ ဦး၊...
Read More
error: Content is protected !!