Home > Uncategorized > အညာဒေသရဲ့ အရပ်ဇာတ် (၆)

အညာဒေသရဲ့ အရပ်ဇာတ် (၆)

အညာဒေသရဲ့ အရပ်ဇာတ် (၆)

မောင်ဧက
(မျက်မှောက်ခေတ်)

အရပ်ဇာတ်ပွဲရဲ့ မြန်မာသံစဉ် တေးဂီတ အစီစဉ် ပြီးတဲ့နောက် “အော်ပရာ” လို့ခေါ်တဲ့ ဇာတ်လမ်းတို နဲ့ ကပြဖျော်ဖြေမှု မပြုလုပ်ခင် ပြင်စရာရှိတာပြင်ဆင်နိုင်ဖို့ ပွဲကို ခေတ္တ၊ခဏ ရပ်နားကြပါတယ်။

အညာဒေသ အရပ်ဇာတ်ပွဲမှာ ပါ၀င်သူတွေကအပျို တော်၊မြန်မာသံစဉ်၊အော်ပရာ၊စတိတ်ရှိုး၊တခန်းရပ်ပြဇာတ် စတဲ့ကဏ္ဍပေါင်းစုံကို ပါ၀င်ကပြ ဖျော်ဖြေကြတာဖြစ်လို့ အစီစဉ်တစ်ခုပြီးတိုင်း နောက်အစီစဉ်အတွက် ပွဲကတာကို ယာယီ နားလေ့ရှိပါတယ်။

ပွဲအစီစဉ် တစ်ခု နဲ့ တစ်ခုကြား ပွဲနားနေချိန်မှာပွဲကြည့်ပရိတ်သတ်တွေကလည်း အပေါ့အပါးသွားကြတာ၊ကွမ်းယာ၀ယ်တာ၊ကလေးတွေအတွက် သေနတ် ၊ကား၊ ပူစီပေါင်း စတဲ့ ကစားစရာတွေ ၀ယ်ပေးတတ်ကြပါတယ်။

အညာဒေသဖြစ်လို့ လျှပ်စစ်မီးမရတာကြောင့်အရပ်ဇာတ်ကပွဲအတွက်လိုအပ်တဲ့ လျှပ်စစ်မီးကို တလုံးထိုးအင်ဂျင်နဲ့ ဒိုင်နမို အသုံးကိုပြုကြရတာပါ။

အရပ်ဇာတ်ပွဲ ယာယီနားနေချိန်မှာ တီးဝိုင်းသံအစား မီးစက်သံ “တဒိုင်းဒိုင်း” မြည်နေတာကိုပဲ ကြားရမှာဖြစ်ပါတယ်။

“မင်းတို့ အရပ်ဇာတ် နားတာကြာလှချည်လား”လို့တော့ အပစ်မပြောပါနဲ့။

အညာဒေသရဲ့ အရပ်ဇာတ်ပွဲတွေမှာ ပွဲက ဖို့ အတွက်လိုအပ်တဲ့ ကဏ္ဍပေါင်းစုံ၊အခက်အခဲပေါင်းစုံကို ပွဲကနေသူတွေကိုယ်တိုင် ပါ၀င် ဆောင်ရွက်ကြရတာဖြစ်လို့ အစီစဉ် တခု နဲ့ တခုကြားအချိန်ကွာဟ သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ပွဲကြည့်သူ ပရိတ်သတ်တွေအနေနဲ့ အခက်အခဲမျိုးစုံကြားကနေ ကပြ၊ ဖျော်ဖြေကြတဲ့ အညာဒေသရဲ့အရပ်ဇာတ်ပွဲလိုအပ်ချက်တွေကို စိတ်ရှည်သည်းခံစွာနဲ့ ပွဲပြီးတဲ့ အထိ ကြည့်ရှုပေးဖို့လိုအပ်ပါလိမ့်မယ်။

မကြာခင်မှာ ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့အညာဒေသရဲ့ အရပ်ဇာတ်ပွဲ “အော်ပရာ” အစီအစဉ်နဲ့ဖျော်ဖြေအသုံးတော်ခံမယ့် အကြောင်းအရပ်ဇာတ်ခေါင်းဆောင်ရဲ့ ကြေညာချက် ကမီးစက်သံ “တဒိုင်းဒိုင်း”ကြားကနေ ထွက်ပေါ်လာခဲ့ပါတယ်။

#မောင်ဧက

error: Content is protected !!