Home > Uncategorized > အညာဒေသရဲ့ အရပ်ဇာတ် (၅)

အညာဒေသရဲ့ အရပ်ဇာတ် (၅)

အညာဒေသရဲ့ အရပ်ဇာတ် (၅)

မောင်ဧက

(မျက်မှောက်ခေတ်)

မြန်မာသံစဉ် ကဏ္ဍ အဖွင့်သီချင်းကို အညာဒေသ အရပ်ဇာတ်အဖွဲ့၀င်တစ်ဦးက ဘိုဖြူသီဆိုထားတဲ့ “လပ်တီး” သီချင်း နဲ့ စတင်ဖျော်ဖြေမှာဖြစ်ကြောင်း ကြေငြာလိုက်ချိန်မှာ ပွဲကြည့်ပရိတ်တွေဖြစ်ကြတဲ့ အညာသူ၊အညာသားတွေကလက်ခုတ်သံ မိုးထိညံ လို့ဆိုရလောက်အောင်လုပ်ခုတ်တီး ကြိုဆိုကြပါတယ်။

“လပ်တီး”သီချင်းကို သီဆိုဖျော်ဖြေသူက အားပါး တရသီဆိုနေတာနဲ့အမျှ တီးဝိုင်းအဖွဲ့တွေကလည်း ပိုင်ပိုင်နိုင်နိုင်၊ မြိုင်မြိုင်ဆိုင်ဆိုင် ကူညီတီးခတ်ပေးကြတာကို ပွဲကြည့်သူတွေက မျက်တောင်မခတ်ဘဲ ကြည့်ရှုအားပေးကြတာပါ။

တီးဝိုင်းက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တီးခတ်နေတဲ့အပြင် ဇာတ်စင်ပေါ်က မပြည့်မစုံမီးရောင်စုံကလည်း မှိတ်ချည်တခါ ဖွင့်ချည်တလှည့် စည်းချက်ညီလှပေမယ့် သီချင်းသီဆိုသူရဲ့ စာသားအမှားတွေ၊ကီးမ၀င်တာတွေကြောင့် “လပ်တီး”အမြန်ပြီးဖို့ပဲ ပွဲကြည့်သူတွေက ဆု တောင်းနေကြပါတော့တယ်။

အမှားတွေနဲ့ မကင်းတဲ့ အညာဒေသရဲ့ အရပ်ဇာတ်ပွဲဆိုပေမယ့် အမှားတွေများလွန်းနေတဲ့”လပ်တီး”ကိုတော့ ပွဲကြည့်ပရိတ်သတ်တွေကခါးခါးသီးသီးငြင်းပယ်ပြီး ပစ်တင် ၊ဝေဖန်ကြပါတယ်။

အညာဒေရဲ့ အရပ်ဇာတ်ပွဲ “မြန်မာသံစဉ် တေးဂီတ အစီစဉ်”ရဲ့ အဖွင့်မှာ တလွဲတွေ ဖြစ်ခဲ့တဲ့”လပ်တီး”သီချင်း ဖျော်ဖြေပြီးတဲ့နောက် “အငိုမျက်လုံး အပြုံးမျက်နှာ”၊ “အရင်လို ဘ၀မျိုးရောက်ချင်သေးတယ်”၊”အမေ့မျက်ရည် ကြွေမှာစိုး”၊ “ပြည်တော်ပြန် အလွမ်း”စတဲ့ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

“အငိုမျက်လုံး အပြုံးမျက်နှာ”သီချင်း သီဆိုဖျော်ဖြေသူက တေးသရုပ်ဖော်ပုံစံနဲ့ ထည့်သွင်း ဖျော်ဖြေခဲ့တာဖြစ်ပါ။ မျက်နှာ(၃)ခုရှိတဲ့လူကြီးတစ်ယောက်က လူသိမခံဘဲ တိတ်တိတ်လေး ကြိတ်ငိုနေပြီး လူတွေရှေ့မှာ ပြုံးစစ ဖြစ်နေတဲ့ ပုံနဲ့ ပီပီပြင်ပြင်သရုပ် ဆောင်သွားတာကြောင့် ပွဲကြည့်သူတွေ တဝေါဝေါနဲ့ ပွဲကြခဲ့ပါသေးတယ်။

“အရင်လို ဘ၀မျိုးရောက်ချင်သေးတယ်”၊”အမေ့မျက်ရည် ကြွေမှာစိုး”၊ “ပြည်တော်ပြန် အလွမ်း”စတဲ့ သီချင်းတွေကိုလည်း သီဆိုဖျော်ဖြေသူတွေက ခံစားချက်အပြည့်နဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

အညာဒေသရဲ့ အရပ်ဇာတ်ပွဲအစီစဉ်အရ “မြန်မာသံစဉ် တေးဂီတ အစီစဉ်”အပြီးမှာ “အော်ပရာ”လို့ခေါ်တဲ့ အစီစဉ် ဆက်လက်ဖျော်ဖြေတင်ဆက်ကြတာဖြစ်ပါတယ်။

“အော်ပရာ အစီစဉ်”မှာတော့ မတရား ကိုလိုနီပြုလုပ်ထားတဲ့ စစ်မိစ္ဆာတွေကို တော်လှန်တိုက်ထုတ်နေတဲ့၊မတရားမှုကိုလက်မခံနိုင်တဲ့ ကျေးလက်ရွာငယ်လေးနဲ့ လူငယ်လေးတွေအကြောင်း ဖျော်ဖြေတင်ဆက်မှာ ပါ။

#မောင်ဧက

error: Content is protected !!