Home > သတင်း (Page 27)

တန့်ဆည်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၅ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြိုနယ်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၅ ဦး ရောဂါပိုးတွေ့ရှိတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦး ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီပိုးတွေ့လူနာ ၅...
Read More

မြင်းမူမြို့တွင် NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်သူတစ်ဦး ဓာတ်လိုက်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်သူတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ မြင်းမူမြို့မရဲစခန်းရဲ့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ NLD ပါတီကို ဝန်းရံထောက်ခံသူအင်အား ၂၀၀ ဝန်းကျင်က  ပါတီအကျီတွေ...
Read More

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမဲ့ပြုကျင့်တာတွေမှန်သမျှ ထိရောက်စွာအရေးယူကြဖို့ သမ္မတရုံးအမိန့်ထုတ်ပြန်

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၂၇/၂၀၂၀ နဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တည်ဆဲဉပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်ရေးအတွက် အပိုဒ် ၄ ပိုဒ်ပါ အမိန့်စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အမိန့်စာအရ အစိုးရအနေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ သန္နိဌာန်ချထားပြီးဖြစ်လို့ လွတ်လပ်ပြီး...
Read More

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေငြာ

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကို အောက်တိုဘာလ ၁၆ ရက်နေ့က ကြေငြာချက်အမှတ် ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၇ တို့နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ကြေငြာချက်မှာ ပါဝင်တဲ့နေရာတွေက...
Read More

ယင်းမာပင်မြို့နယ်တွင် မဲရုံတိုးချဲ့ပေးရေး ဒေသခံတွေ တောင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ကပိုင်အုပ်စု ပေါင်းဝကျေးရွာတွင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲရုံတိုးချဲ့ချထားပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ အခုလို တောင်းဆိုရတာက မဲဆန္ဒရှင်ပိုများတဲ့ ပေါင်းဝရွာမှာ မဲရုံမထားဘဲ ၃ ဖာလုံခန့်ဝေးပြီး မဲဆန္ဒရှင်နည်းတဲ့ ကဗြုရွာမှာ မဲရုံထားတာကြောင့် တောင်းဆိုရတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ “ကျွန်တော်တို့က အောက်တိုဘာလ...
Read More

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကမ်းပြိုကာကွယ်ရေးအတွက် ငွေကျပ် ၉ ဘီလီယံကျော် သုံးစွဲမည်

စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းပေါင်း ၆၀ ခုအတွက် ငွေကျပ် ၉.၁၅ ဘီလံအကုန်အကျခံသုံးစွဲကာ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မယ့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၆၀ ခုထဲမှာ...
Read More

တမူးနှင့် ကလေးမြို့တွင် အနံ့မရလို့ စစ်ဆေးရာက ကိုဗစ်အတည်ပြုလူနာ ၂ ဦးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နှင့် ကလေးမြို့မှာ အောက်တိုဘာလ ၁၅ ရက်နေ့က အနံ့မရလို့ လာပြသူနှစ်ဦးထံကနေ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပိုးတွေ့လူနာတွေကို တမူးမြို့ပြည်သူ့ဆေးရုံနှင့် ကလေးမြို့ ပြည်သူ့ဆေးရုံကို လာရောက်ပြသလာသူတွေထံက တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ “ဟုတ်ပါတယ်။ အနံမရလို့ ဆေးရုံလာပြရင်း Test Kit...
Read More

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ရေငုပ်သင်္ဘောပါဝင်တဲ့ တပ်မတော် (ရေ) Fleet Exercise-2020 လေ့ကျင့်ခန်းပြုလုပ်

မြန်မာ့တပ်မတော်ရဲ့ ပထမဆုံးသော တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ် မင်းရဲသိင်္ခသူ ပါဝင်တဲ့ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း Fleet Exercise-2020 (ဗန္ဓုလ လေ့ကျင့်ခန်း)ကို အောက်တိုဘာလ ၁၅ ရက်နေ့က မြန်မာ့ပင်လယ်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုအခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်...
Read More

ဆားလင်းကြီးတွင် Test Kit နဲ့ စစ်ဆေးရာအထူးရဲသင်သားတစ်ဦးထံက ကိုဗစ်ပိုးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့တွင် ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ကြမယ့် အထူးရဲတပ်ဖွဲ့ဝင်တွေ၊ သင်တန်းနည်းပြတွေကို ကိုဗစ်ရောဂါပိုးရှိမရှိ Test Kit နဲ့ စစ်ဆေးရာမှာ သင်းတန်းသားတစ်ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိရတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ အထူးရဲသင်တန်းသား စုစုပေါင်း ၉၆ ဦးနှင့် သင်တန်းနည်းပြ ၁၂ ဦးတို့ကို...
Read More
error: Content is protected !!