ကာဘိုးဖြစ်စဉ်နဲ့ပတ်သက်လို့ အနည်းဆုံး ၃ မှုဖွင့်ထားပြီး USDPနှင့် NLD တို့အပြန်အလှန်စွပ်စွဲ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးစံပြကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်လှည့်လည်ရာ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေနဲ့ NLD ပါတီဝန်းရံတဲ့သူတွေ ရုန်းရင်းဆံခတ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူတချို့ ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်တစ်လုံး၊ ဆိုင်ကယ် ၃ စီးနဲ့ ကိုဗစ်စစ်ဆေးရေးဂိတ်လည်း ပျက်စီးခဲ့ပါတယ်။... Read More
MMK- ကိုရီးယားနိုင်ငံအကူအညီနဲ့ စစ်ကိုင်းတိုင်းအတွင်း ဂျုံမျိုးသန့် ဧက ၁၀၀ စိုက်ပျိုးမည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဂျုံမျိုးကောင်းမျိုးသန့် ဧက (၁၀၀) ကို ကိုရီးယားနိုင်ငံရဲ့ အကူအညီနဲ့ မြို့နယ် (၅) မြို့နယ်မှာ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဂျုံစိုက်ပျိုးထုတ်လုပ်မှုစီမံကိန်းကို စိုက်ပျိုးရေးသု တေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ KOPIA-RDA တို့ပူးပေါင်းကာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း... Read More
ချင်းပြည်နယ်တွင် အသက် ၆၀ အထက် ကြိုတင်မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိ
လာမယ့်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးတာတွေကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ လာမယ့်အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ... Read More
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဉက္ကဌ ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲ
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီရဲ့ ဉက္ကဌဖြစ်သူ ဦးကျော်ြမင့်(ခ)မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခင်ဦးမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ပြီး တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။ ပါတီဉက္ကဌဖြစ်သူ ဦးကျော်ြမင့်(ခ)မိုက်ကယ်ကျော်မြင့်ကို တရားစွဲဆိုမှုနဲ့ပက်သက်လို့ ဘယ်ကိစ္စကြောင့်တရားစွဲဆိုရတယ်ဆိုတာကိုတော့ မျက်မှောက်ခေတ်က သီးခြားအတည်ပြုစုံစမ်းနေပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ခင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေကို ဖုန်းဆက်အတည်ပြုရန် ကြိုးစားခဲ့ပေမယ့်... Read More
ဗန်းမောက်မြို့နယ်တွင် ဆင်တစ်ကောင်အပါအဝင် တရားမဝင်သစ်တွေဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် အောက်တိုဘာလ ၂၁ ရက်နေ့က ဆင်မတစ်ကောင်အပါအဝင် တရားမဝင်သစ်တွေကို ကသာခရိုင် သစ်တောဦးစီးဌာန တာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ်တွေမှာ တရားမဝင်သစ်တန် ၁၈ တန်ကျော်နှင့် ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာပါ။ “ဆင်က မှတ်ပုံတင်မထားဘူး။... Read More
မုံရွာတွင် အုပ်စုဖွဲ့ သံပိုက်နဲ့ရိုက်၊ ဓားနဲ့ခုတ်သူတွေကို ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်တွင် အောက်တိုဘာလ ၂၁ ရက်နေ့ ညဦးပိုင်းက ဆိုင်ကယ်စီးလာသူနှစ်ယောက်ကို လူ ၆ ယောက်အုပ်စုက ရန်ငြိုးရန်စမရှိဘဲ သံပိုက်နဲ့ ရိုက်၊ ဓားနဲ့ခုတ်မှုဖြစ်ပွားခဲ့ပါတယ်။ ရန်ပြုခံခဲ့ရသူ ကောင်းထက်ဇော် (၂၂) နှစ်နှင့် ထွန်းနိုင်ဝင်း (၂၃) နှစ်တို့က... Read More
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၀ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ကိုဗစ်လူနာ ၆ ဦး ထပ်တိုး
စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၀ လသားအရွယ်ကလေးတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်တိုးတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ ပိုးတွေ့ရှိလူနာတွေက တမူးမြို့နယ် ၄ ဦး၊ မြင်းမူမြို့နယ် ၁ ဦးနှင့်... Read More
ပင်လည်ဘူး၊ ဗန်းမောက်၊ ဝန်းသိုမြို့နယ်မှာ ကြေးနီနှင့် ဆက်စပ်သတ္တုရှာဖွေမည့်အပေါ် ဒေသခံတွေ လက်မှတ်ထိုးကန့်ကွက်နေ
Pan Aust ကုမ္ပဏီရဲ့ လက်အောက်ခံ Wantho Resources Co, ltd. ကနေ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဝန်းသို၊ ပင်လည်ဘူး၊ ဗန်းမောက် စတဲ့ မြို့နယ်တွေမှာ ဧက ၁၈၀၀၀၀ ကျော်ကို ကြေးနီနှင့် ဆက်စပ်သတ္တုတွေ ရှာဖွေစမ်းသပ်ဖို့အတွက် လုပ်ဆောင်နေတာပါ။... Read More
နှင်းဆီပါတီကို မဲပေးရင် ပယ်မဲအဖြစ်သတ်မှတ်မယ်လို့ UEC ကြေငြာ
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)ကို မဲပေးမိရင် အဲဒီမဲလက်မှတ်ကို ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။ ပါတီဉက္ကဌ ဦးကျော်မြင့်ကို ထောင်ပြေးမှု၊ ငွေကြေးခဝါချမှု စတာတွေနဲ့ ဖမ်းဆီးပြီးနောက်ပိုင်း ပါတီကိုလည်း... Read More