ဆုတောင်း မှားခဲ့လေသလား
မောင်ဧက
(မျက်မှောက်ခေတ် ဆောင်းပါး)
အညာကျေးလက်ဒေသမှာ မွေးဖွားခဲ့သူတစ်ယောက်အနေနဲ့ လူလားမမြောက်သေးတဲ့ အခြေခံကျောင်း သားဘ၀မှာ ကျောင်းစာကလွဲပြီး အချစ်၀တ္ထု၊သိုင်း၀တ္ထု၊သရဲ၀တ္ထု စတဲ့ အပြင်စာပေတွေကို ဖတ်ခွင့်မရကြသူများပါတယ်။
ကျောင်းစာကိုမှ စာလို့ သတ်မှတ်ထားကြတဲ့ မိဘဖြစ်သူတွေက ကျောင်းသူ၊ကျောင်းသားဖြစ်တဲ့ သား၊သမီးတွေကို ကျောင်းစာ၊အတန်းစာက လွဲပြီး တခြားစာအုပ်တွေ ဖတ်ခွင့် မပြုခဲ့ပါဘူး။
ဒါပေမယ့် ကျွန်တော့်အသက် ၁၂ အရွယ်မှာ
ကျောင်းစာမဟုတ်တဲ့ အချစ်၀တ္ထု စာအုပ်တစ်အုပ်ကို ခိုးပြီးဖတ်ခွင့်ရခဲ့ပါတယ်။
“ဆုတောင်း မှားခဲ့လေသလားကွယ်” ဆိုတဲ့ အ
ချစ်၀တ္ထု စာအုပ်တစ်အုပ်ပါ။ ဒီ၀တ္ထုစာအုပ်ကိုရေးတဲ့ စာရေးဆရာရဲ့နာမည်ကျွန်တော် မမှတ်မိတော့သလို အချစ်၀တ္ထုစာအုပ်ဆိုတာကလွဲပြီး ဘာတစ်ခုမှ မမှတ်မိတော့ပါဘူး။
လက်ရှိ မြန်မာနိုင်ငံအတွင်းက အမျိုး၊ဘာသာ၊သာသနာ အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ကိုယ့်ပြည်သူကို ပြန်သတ်ဖို့ ၀န်မလေးကြတဲ့တပ်မတော်သားတွေ၊မျိုးချစ်သံဃာတော်တွေနဲ့ မ၊ဘ၊သ တွေကို မြင်မိတော့ ငယ်ငယ်က ခိုးဖတ်ခဲ့ရတဲ့ ၀တ္ထုစာအုပ် နာမည်လေး သတိရမိတယ်။
သူတို့တွေ “ဆုတောင်းမှားခဲ့လေ သလားကွယ်
” ရယ်လို့။ အမှန်နဲ့အမှား ဆိုတာကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတော့တဲ့အပြင် လက်နက်အားကိုးပြီး ရှေး
ခေတ်ကမ္ဘာဦးအစကလူရိုင်းတွေလို လူတစ်ဦး
ကို ရက်ရက်စက်စက် အပိုင်းပိုင်း၊ခုတ်ထစ်သတ် ဖြတ် နိုင်လောက်တဲ့အထိ နှလုံးသားမဲ့ နေကြတာဟာ သူတို့တွေ “ဆုတောင်းမှားခဲ့လေသလားကွယ်”။
နေအိမ်တစ်လုံး၊ကျေးရွာတစ်ရွာကို အကြောင်းမဲ့ မီးဟုန်းဟုန်းတောက်၊ပြာကျတဲ့အထိ မီးရှို့ဖျက်စီးနိုင်လောက်အောင် ကိုယ်ချင်းစာစိတ် မရှိကြတာ မင်းတို့တွေ” ဆုတောင်းမှားခဲ့လေသလားကွယ်”။
အမျိုး၊ဘာသာ၊သသနာ ကောင်းဖို့အတွက် ဆိုတဲ့ ရည်ရွယ်ချက်၊ ခေါင်းစဉ်လေး လှသလောက် ကိုယ့်အမျိုးကို ပြန်သတ်၊ ကိုယ့်ဘာသာကိုပြန်ဖျက်စီး၊ကိုယ့်သာသနာကို ပြန်စော်ကား နိုင်လောက်တဲ့အထိ အသိပညာနည်းရအောင် “ဆုတောင်း မှားခဲ့လေသလားကွယ်”။
လူ့ဘ၀ရောက်ပြီး အသိဉာဏ်ပညာမဲ့တဲ့ လုပ်ရပ်တွေ၊မေတ္တာတရားခေါင်းပါးတဲ့ ၊ခံစားချက်မရှိတဲ့၊ကိုယ်ချင်းစာစိတ် ကင်းမဲ့တဲ့ လုပ်ရပ်တွေ လုပ်နိုင်လောက်အောင် ဘယ်ဘ၀တွေကများ ဆုတောင်းမှားခဲ့ကြတာလဲ။
“ပြုသူအသစ် ဖြစ်သူ အဟောင်း”ဆိုတဲ့ စကားပုံလို၊”၀ဋ်ကြွေးရှိရင် ဗုဒ္ဓမြတ်စွာဘုရားတောင်အကြေဆပ်ရတာပဲ” ဆိုတဲ့ တရားတော်တွေလိုခံရသူတွေက တရားနဲ့ဖြေနိုင်ကြပါတယ်။
ပူလောင်သောက မျက်ရည်အဝိုင်းသားနဲ့ပေါ့။ပြုသူတွေအတွက်ကတော့ ကိုယ်ပြုလုပ်ခဲ့ကြတဲ့ ကံအတိုင်း အကုသိုလ်ဆိုတဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေ၊မကောင်းတဲ့ အနိဌာရုံတွေ၊မကောင်းတဲ့အိမ်မက်တွေနဲ့ အခုဘ၀က စပြီး တန်ပြန် အကျိုးသက်ရောက်မှု ခံစားနေကြရမှာပါ။နေ့စဉ်၊ညစဉ် ကြုံတွေ့နေကြရမှာ အမှန်ပါပဲ။
မြန်မာနိုင်ငံမှာ လူဖြစ်ရတာလည်း “ဆုတောင်းမှားခဲ့လေသလားကွယ်”။
#မောင်ဧက
#မျက်မှောက်ခေတ်