ပြည်ထောင်စု ပို့/ဆက်ဝန်ကြီးရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ် ရွာအထဲအဝင်မခံလို့ ဘောလုံးကွင်းမှာပဲ ဟောပြောခဲ့ရ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ကျေးရွာကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သီတာဝင်းတို့ အပါအဝင် NLD ပါတီဝင်တွေက မဲဆွယ်စည်းရုံးရေးသွားရာမှာ ရွာထိပ်အရောက်မှာ ဆယ်အိမ်မှုးက ဝါးလုံးနဲ့တားကာ အဝင်မခံတာဖြစ်ခဲ့ပါတယ်။ ဒီအတွက် ဝန်ကြီးနဲ့အဖွဲ့က မဲဆွယ်စည်းရုံးရေးဟောပြောမှုကို ရွာအပြင်... Read More
မင်းကင်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရသူတွေကို ရမန်ရယူပြီး နောက်ရုံးချိန်းထပ်ရွှေ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှုးက တရားလိုပြုလုပ်ကာ အောက်တိုဘာလ ၁၂ ရက်နေ့က တရားရုံးကို ဦးတိုက်လျှောက်ထား စွဲဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ တရားစွဲဆိုခံရသူ ၁၇ ဦးကို ရဲစခန်းမှာပဲ ရမန်ထပ်ယူခဲ့ပြီး... Read More
တမူးမြို့တွင် ပိုးတွေ့လူနာများလာလို့ နေရာတချို့ကို Stay At Home သတ်မှတ်
အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ ကိုဗစ် ၁၉ ရောဂါ ပိုးတွေ့ရှိတဲ့ မြို့မ (၁၂/က) ရပ်ကွက်နှင့် မြို့မ (၁၃) ရပ်ကွက်ကို အောက်တိုဘာလ ၂၅ ရက်နေ့ကစပြီး Stay At Home သတ်မှတ်လိုက်ကြောင်း တမူးခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး... Read More
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် အနံ့မရလို့ စစ်ဆေးရာက ကိုဗစ်ရောဂါကူးစက်ခံရသူနှစ်ဦး ရောဂါပိုးတွေ့
စစ်ကိုင်းတိုင်းဒေသကြီး အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က အနံ့မရသူနှစ်ဦး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တမူးခရိုင် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ အဲဒီပိုးတွေ့လူနာနှစ်ဦးက အနံ့မရလို့ တမူးမြို့ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပြီး Test Kit နဲ့စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။... Read More
ဟုမ္မလင်းမြို့နယ်တွင် ဥရုချောင်းရေမြင့်တက်လို့ လူဦးရေ ၄၀၀ ရေဘေးသင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ကနေ စတင်ကာ ဥရုချောင်းရေ မြင့်တက်နေတာကြောင့် လူဦးရေ ၄၀၀ ရေဘေးသင့်နေတယ်လို့ ခန္တီးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ ချောင်းအထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဉရုချောင်းတစ်လျှောက်က ကျေးရွာအုပ်စု... Read More
ဟုမ္မလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုတာ၊ ရေလျှံတာတွေ ဖြစ်ပေါ်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းမြို့နဲ့တဖက်ကမ်းရှိ ကက်သာကျေးရွာမှာ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုပြီး နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကက်သာရွာအုပ်ချုပ်ရေးမှူး ဦးဟန်နိုင်ဝင်းက ပြောပါတယ်။ တောင်ပြိုကျမှုကြောင့် ၃ ပေပတ်လည်နေအိမ်တစ်လုံးနှင့် ၄ ပေပတ်လည်ရှိတဲ့ နေအိမ်တစ်လုံးတို့ ထိခိုက်ပျက်စီးခဲ့ပြီး... Read More
မုံရွာမြို့နယ်လုံးကျွတ် NLD မဲဆွယ်စည်းရုံးရေး မြင်ကွင်းအချို့
မုံရွာမြို့နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဝန်းရံအားပေးထောက်ခံသူတွေက အင်အားပြတဲ့အနေနဲ့ မြို့ပေါ်တင်မက ရပ်ကွက်၊ ကျေးရွာအသီးသီးကပါ လာရောက်ကာ မြို့ပေါ်မှာ ယာဉ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ လှည့်လည်ခဲ့ကြပါတယ်။ လူဦးရေ သောင်းဂဏန်းရှိမယ်လို့ ခန့်မှန်းရပါတယ်။ လမ်းမကြီးတော်တော်များများမှာတော့ လမ်းပိတ်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။
ကာဘိုးဖြစ်စဉ်တွင် ရိုက်နှက်ခံခဲ့ရသူ အမျိုးသားတစ်ဦး သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ်၊ ကာဘိုးစံပြကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေနဲ့ NLD ပါတီဝန်းရံတဲ့သူတွေ ရုန်းရင်းဆံခတ်ဖြစ်ပွားခဲ့ပြီး ရိုက်နှက်ခံရသူအမျိုးသားတစ်ဦး အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက မန္တလေးမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားပြီလို့ ကန့်ဘလူခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောပါတယ်။... Read More
မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် ကွယ်လွန်
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်သည် ယနေ့ မွန်းလွဲ ၃ နာရီကျော်တွင် ရန်ကုန်ရှိ တပ်မတော်စစ်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောဆိုသည်။ ဦးအုန်းကြိုင်သည် ကိုဗစ်ရောဂါကူးစက်ခံရသဖြင့် စစ်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူခဲ့ကြောင်း၊ ယင်းနောက် ကိုဗစ်ရောဂါ Negative နှစ်ခါပြပြီးနောက် ဝမ်းဗိုက်ခွဲစိတ်ကုသမှု တစ်ခု... Read More