Home > သတင်း > ရွေးကောက်ပွဲ > ရွေးကောက်ပွဲမှာ အရပ်ဖက်စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ရွေးကော်က ကန့်သတ်ပိတ်ပင်တဲ့အပေါ် အရပ်ဖက်အဖွဲ့အစည်း ၄၄၀ ကျော်က သဘောထားထုတ်ပြန်။

ရွေးကောက်ပွဲမှာ အရပ်ဖက်စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ရွေးကော်က ကန့်သတ်ပိတ်ပင်တဲ့အပေါ် အရပ်ဖက်အဖွဲ့အစည်း ၄၄၀ ကျော်က သဘောထားထုတ်ပြန်။

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ PACE (People’s Alliance for Credible Elections) ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ပိတ်ပင်လိုက်ပါတယ်။ အဓိကအားဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ထားခြင်းမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ပင်လိုက်တာပါ။ အခုလို ပိတ်ပင်လိုက်တဲ့အပေါ် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ဒီအတွက် အရပ်ဖက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေကို လွတ်လွတ်လပ်လပ် စောင့်ကြည့် သတင်းရယူခွင့်ပေးနိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၄၄၃ ခုစုပေါင်းကာ သဘောထားကြေငြာချက်တစ်စောင်ကို ဩဂုတ်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

#အထွေထွေရွေးကောက်ပွဲ #အရပ်ဖက်အဖွဲ့အစည်း #စောင့်ကြည့်ခွင့်ပိတ်ပင် #ကြေငြာချက်ထုတ်ပြန် #မျက်မှောက်ခေတ်

error: Content is protected !!