ကလေးမြို့ပေါ်မှာ ဗုဒ္ဓဟူးနေ့ ရုံးစပိတ်၊ ဖမ်းဆီးမှုတွေပိုလုပ်မှာ ဒေသခံတွေစိုးရိမ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ် လက်အောက်ခံရုံးတွေဟာ အပတ်စဥ် စနေ ၊ တနင်္ငနွေ ရုံးပိတ်ရင်အပြင် ဗုဒ္ဓဟူးနေ့ကို ရုံးပိတ်ရက်အဖြစ် တစ်ရက်တိုးသတ်မှတ်ပြီး ဒီကနေ့ မတ် ၂၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ကစ ရုံးတွေစပိတ်ကြောင်း ကလေးမြို့ခံတွေဆီက သိရပါတယ်။ “ဓာတ်ဆီချွေတာဖို့လို့ လည်းပြောတယ်။... Read More
မြိုင်မြို့နယ်၊ သပြေညိုရေနံမှော် မီးလောင်မှုဖြစ်ပွား
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊မြိုင်မြို့နယ် သပြေညိုရေနံမှော် တစ်နေရာမှာ ဒီကနေ့ မတ်လ ၂၅ရက် နေ့လယ်ပိုင်းက ရေနံစိမ်းကန်ဟောင်းအချို့ မီးလောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တောမီးကတဆင့် တွင်းအဟောင်းတွေဆီကူးလာတာလို့ဒေသခံတွေကပြောပါတယ်။ “မနေ့ညကတည်းက မီးကလောင်နေတာ တောမီးကနေ ဒီထိရောက်လာတာ စက်မောင်းတဲ့တစ်လုံး ပေါ်မီးပွားရောက်လာသေးတယ်။ ရာသီကပူနေတာနဲ့ အချိန်မှီသာမတားနိုင်ရင်... Read More
ဂန့်ဂေါမြို့နယ်မှာ အခုညနေပိုင်းအချိန် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အစပ် မောလယ်ကျေးရွာနဲ့ အနီးအနားက တခြားကျေးရွာတွေကို စစ်ကော်မရှင်တပ်က ဒီကနေ့ မတ်လ ၂၄ ရက်ညနေပိုင်းအချိန်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ကနဦးသိရပါတယ်။
ပင်လည်ဘူးမြို့နယ်က ရွာ ၅ရွာ လေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်အတွင်း ရွာ ၅ရွာကို စစ်ကော်မရှင်တပ်က မတ်လ ၂၃ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်သွားတယ်လို့ ပင်လည်ဘူးမြို့နယ်ဒေသခံက ပြောပါတယ်။ “လေယာဉ်သုံးစီးညှပ်ပြီး ဗုံးကြဲသွားတာ။ ထိခိုက်မှုကတော့ တစ်ယောက်မှမရှိဘူး။ လူနေအိမ်တွေကတော့ ထိခိုက်ပျက်စီးသွားတယ်” လို့ ပင်လည်ဘူးမြို့နယ်ဒေသခံတဦးက ပြောပါတယ်။ ပင်းမူ၊ ရွှေဟင်္သာ၊... Read More
နတ်မောက်မြို့အ၀င် စစ်တပ်ဂိတ်ကို တော်လှန်ရေးအဖွဲ့ စီးနင်းတိုက်ခိုက်
မကွေးတိုင်း၊ နတ်မောက်မြို့အနီးက မြို့အ၀င်စစ်ဆေးရေးဂိတ်ကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်က မတ်လ၂၃ရက်မနက်ခင်းပိုင်းမှာ ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။ နတ်မောက်မြို့နယ်တွင်းကို စစ်ကောင်မရှင်တပ်က ရာထူးအကြီးပိုင်းလာရောက်ဖို့ရှိတဲ့ သတင်းကြိုတင် ရရှိတဲ့အတွက်လဒေသခံတော်လှန်ရေးတပ်တွေက စောင့်ဆိုင်းခဲ့ပေမယ့် သတင်းပေါက်ကြားသွားတာကြောင့်တိုက်ခိုက်နိုင်ခြင်းမရှိခဲ့ပေမယ့် နတ်မောက်မြို့ အ၀င် နဒီရွှေဝါ စစ်တပ်ဂိတ်ကို စီးနင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ... Read More
ကလေးမြို့နယ်မှာ လူထုတွေ့ဆုံပွဲပြုလုပ်ပြီး မြေပြင်အခြေအနေတွေကို ဆွေးနွေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် လူထုတွေ့ဆုံပွဲကို မတ်လ ၂၃ ရက်နေ့က ကလေးဒေသအနီးဝန်းကျင်မှာ ကျင်းပခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရပ်ကျေးအဆင့် ဦးဆောင်သူတွေ၊ ပ.အ.ဖ အဖွဲ့ဝင်တွေအပါအဝင် ဒေသခံလူထုတွေဆုံပွဲကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ-KPSSC က ဦးဆောင်ပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ပြည်သူလူထုအနေနဲ့တော့... Read More
ယောမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးကောင်းကောင်းအပါအဝင် ၂ ဦးကျဆုံး
မကွေးတိုင်း၊ ယောဒေသ၊ ညောင်လယ်ကျေးရွာအနီးမှာ မတ် ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး YDF စစ်မြေပြင်ရုံးမှ ဗိုလ်ကြီးကောင်းကောင်းအပါအဝင် ရဲဘော်နှစ်ဦးကျဆုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ဘယ်ဘက်ကမှားတယ်၊ မှန်တယ်ဆိုတာထက် တော်လှန်ရေးသမားချင်း လက်နက်နဲ့ဒီလို လုပ်တာကို... Read More
မုံရွာနယ် အရှေ့ခြမ်းလေကြောင်းတိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံး၊ ကလေးငယ် အပါအ၀င် ၆ ဦးထိခိုက်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ပင်တဲ ရွာအနီးကို စစ်တပ်က မတ်လ ၂၃ ရက် ညနေ ၆နာရီ ၀န်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ တစ်ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနဦး သိရပါတယ်။ မုံရွာနယ် အရှေ့ခြမ်း ညောင်ပင်တဲကျေးရွာအနီး... Read More
မြောင်နယ်က သောင်ကြီးရွာလေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၆ ဦးထက်မနည်း သေဆုံး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သောင်ကြီးရွာကို စစ်ကော်မရှင်တပ်က မတ်လ ၂၃ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ဉီးထက်မနည်းသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မြေပြင်တိုက်ပွဲမရှိဘူး။ လေကြောင်းတိုက်ခိုက်မှုကြောင့် လောလောဆယ်အတည်ပြုလို့ရတာကတော့ ရွာခံခြောက်ဦး သေဆုံးတယ်။ အလောင်းတွေကတော့ ဆက်ပြီးရှာဖွေနေဆဲပဲ” လို့ မြောင်မြို့နယ်ဒေသခံတဦးက... Read More









