စစ်ကိုင်းတိုင်း ရေဉီးမြို့ပေါ်မှာ စိုက်ထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို စစ်ကော်မရှင်တပ်သားတွေက ဇွန်လ ၂၇ ရက်နေ့ညမှာ ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ဖြိုချဖျက်စီးခဲ့တဲ့ ရေဉီးမြို့က ဗိုလ်ချုပ်ကြေးရုပ်ဟာ ပြည်သူလူထု့က တတ်အားသရွေ့ ထည့်ဝင်လှုဒါန်းထားတဲ့ ရုပ်တုဖြစ်တယ်လို့ သိရပါတယ်။
“လူထု့အားနဲ့ တည်ဆောက်ထားတဲ့ ကြေးရုပ်ပါ။ ဘာရည်ရွယ်နဲ့ အခုလို စစ်ကော်မရှင်တပ်က ဖျက်စီးခဲ့တာလည်းတော့ မသိဘူး။ မနေ့ညက စစ်ကောင်စီတပ်သားတွေက ဘတ်ဖိုးနဲ့ ထိုးပြီး ဖျက်စီးခဲ့တာပဲ” လို့ ရေဦးမြို့ခံဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိပြီး ယင်းအနက် မြို့နယ်အတော်များများမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်များကို အမျိိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်က စိုက်ထူခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ ဖြိုချဖျက်စီးခဲ့တဲ့ ရေဦးမြို့ပေါ်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က မြို့မရဲစခန်းရှေ့မှာ စိုက်ထူခဲ့တာလို့ သိရပါတယ်။






