Home > သတင်း > တောင်သူလယ်သမား/အလုပ်သမားရေးရာ (Page 2)

ငါန်းဇွန်မြို့နယ်တွင် ဧရာဝတီမြစ်အတွင်း သောင်ထွန်းမှု‌ များပြားလာလို့ စိုက်ပျိုးရေ အခက်ခဲဖြစ်နေ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်မှာ ယခုနှစ်ကာလအတွင်း မိုးခေါင်တာ၊ ဧရာဝတီမြစ်ရိုးတလျှောက် သောင်ထွန်းတာတွေ များပြားလာတာကြောင့် စိုက်ပျိုးရေအခက်ခဲ ဖြစ်ပေါ်နေပါတယ်။ အရင်က စိုက်ပျိုးလယ်ယာမြေတွေဟာ ဆည်ရေသောက်လို့ရပေမယ့် မိုးခေါင်ပြီး ရေခမ်းခြောက်လာတာတွေကြောင့် ဆည်ရေမပေးနိုင်တော့တဲ့အတွက် မြစ်ရေတင်စီမံကိန်းကို အားကိုးအားထားပြုနေကြရတာပါ။ “မိုးခေါင်ရေခမ်းပြဿနာကြောင့် သီးနှံက ဆည်ရေလဲမသောက်ရဘူး။ အခု မြစ်ရေတင်ကို...
Read More

စစ်ကိုင်းတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ်အဖြစ် GAP နည်းစနစ်ဖြင့် စိုက်ပျိုးထားသည့် ဆောင်းနှမ်းများ စုပေါင်းရောင်းချပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစုလုပ်အားကူညီပေးရေးအဖွဲ့ (Network Activity Group- NAG) တို့ပူးပေါင်းကာ ပထမဆုံးအကြိမ်အဖြစ် GAP နည်းစနစ်နဲ့ စိုက်ပျိုးထားတဲ့ ဆောင်းနှမ်းတွေကို စုပေါင်းရောင်းချပွဲ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ဝက်လက်မြို့နယ်၊ အင်ကြင်းပင်ကျေးရွာ၊...
Read More

အင်းတော်အင်း ပတ်လမ်းဖောက်လုပ်ရာမှာ ဒေသခံအချို့ ခေတ္တထိန်းသိမ်းခံခဲ့ရ

တဖြည်းဖြည်း ကျဉ်းမြောင်းတိမ်ကောလာနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့အနီးရှိ မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး သဘာဝကုန်းတွင်း ရေချို အင်းတော်အင်း မပျောက်ကွယ်ရေးအတွက် အင်းပတ်လမ်းကို သက်ဆိုင်ရာက ဖောက်လုပ်နေတာပါ။ ဒါပေမယ့် အင်းပတ်လမ်းမှာ မြေယာဆုံးရှုံးရမယ့် ဒေသခံတောင်သူတချို့နဲ့ ပြေလည်မှုမရရှိဘဲ လုပ်ကိုင်နေတဲ့အတွက် တားမြစ်တာတွေလည်း ရှိခဲ့ပါတယ်။ လမ်းဖောက်တာကို...
Read More

မြစ်သဲကျောက်အလွန်အကျွံထုတ်လုပ်မှုကြောင့် ဒေသခံတွေရဲ့ မြေနုကျွန်းတွေဆုံးရှုံးပြီး ကျေးရွာတွေပါ ကမ်းပြိုအန္တရာယ်နဲ့ ရင်ဆိုင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းကျေးရွာမှာ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့က ချင်းတွင်းမြစ်အတွင်း မြစ်သဲကျောက် ထုတ်ယူတာတွေကို ပြုလုပ်နေပါတယ်။ မြစ်သဲကျောက် အလွန်အကျွံထုတ်ယူနေတာကြောင့် လက်ရှိမှာ ဒေသခံတွေစိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေနုကျွန်းတွေ ပြိုကျပျက်စီးပြီး ကောက်ပဲသီးနှံစိုက်ပျိုးစရာတွေ လျော့နည်းလာနေတာပါ။ ဒါ့အပြင် အနီးအနားက ရွှေကူ၊ ဝယာစတဲ့ကျေးရွာတွေကလည်း...
Read More

မုံရွာမြို့တွင် ကြက်သွန်နီစျေးနှုန်း တစ်ပိဿာ ကျပ် ၁၀၀ ဝန်းကျင်ထိ ဈေးနှုန်းကျဆင်းနေပေမယ့် ဝယ်သူမရှိဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကြက်သွန်နီစျေးနှုန်း တစ်ပိဿာကျပ် ၁၀၀ ဝန်းကျင်အထိ ကျဆင်းနေပေမယ့် ဝယ်သူမရှိဖြစ်နေတယ်လို့ ကြက်သွန်စိုက် တောင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေက ဘင်္ဂလားဒေ့ရ်ှနှင့် တရုတ်နိုင်ငံတို့ကနေ ၀ယ်လိုအားကြောင့် ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၈၀၀ ကနေ ၁၀၀၀ ကြား...
Read More

ကနီမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှာ ရေနံတူးပြီး နေထိုင်ကြသူတွေကို ၃ ရက်အတွင်း ထွက်ခွာဖို့ သစ်တောတာဝန်ရှိသူတွေက နှုတ်မိန့်နဲ့ ညွှန်ကြားထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဟူတောင်တန်း၊ သင်ဂတုံကြိုးဝိုင်းအတွင်း လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်ကတည်းက အခြေချကာ ရေနံတူးဖော်နေကြသူတွေကို ၃ ရက်အတွင်း ထွက်ခွာသွားကြဖို့ သစ်တော တာဝန်ရှိသူတွေက ရေနံမှော်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က လာရောက်ကာ နှုတ်မိန့်နဲ့ ညွှန်ကြားခဲ့တာပါ။ ဒီအတွက်...
Read More

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ခန္တီးမြို့နယ်အတွင်း ခရီးသွားမှု အခက်အခဲတွေ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့ကို တခြားမြို့နယ်တွေကနေ လာရောက်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာရာမှာ အခက်အခဲတွေ ဖြစ်နေတာပါ။ “အခုကျွန်တော်တို့က ခန္တီးမြို့နယ် နန်စီပွန်ဒေသကို ဒီဇင်ဘာလ ၂၅ ရက်နေ့က လာရောက်ခဲ့တာ။ ကျွန်တော်တို့လာတာက နန်းစီပွန်ကို...
Read More

NLD အစိုးရလက်ထက် ၅ နှစ်တာကာလ မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေယာပြဿနာ ဖြေရှင်းဆောင်ရွက်ပေးမှုအပေါ် တိုင်းတောင်သူလယ်သမားသမဂ္ဂအကြံပေးဖြစ်သူ ဦးအောင်ကျော်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။

မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေယာတွေနဲ့ပတ်သက်လို့ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ဖြေရှင်းပေးနိုင်မှုမှာ ၅ နှစ်တာကာလအတွင်း အင်မတန်နည်းပါးနေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် တိုင်းမြေစစ်ကော်မတီအဖွဲ့ဝင်လည်း ဖြစ်သူ ဦးအောင်ကျော်ကျော်ကို မျက်မှောက်ခေတ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ MMK – ပထမဆုံးအနေနဲ့ တိုင်းအတွင်းက...
Read More

တပ်သိမ်းမြေအပေါ်ကျူးကျော်လို့ဆိုပြီး တောင်သူ ၁၅ ဦး တရားစွဲခံရ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသမှာရှိတဲ့ ကပစ (၂၃) ကနေ တပ်သိမ်းမြေအတွင်း ကျူးကျော်ဝင်ရောက်လို့ဆိုပြီး တောင်သူ ၁၅ ဦးကို ဒီဇင်ဘာလ ၂၂ ရက်နေ့က အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။ တာဝန်ဝတ္တရားနှောင့်ယှက်မှုပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးကျော်မှုပုဒ်မ ၄၄၇ တို့နဲ့ ကန့်သက်ကျေးရွာက...
Read More
error: Content is protected !!