Home > သတင်း > စစ်ရေး > စစ်ရေး > ဘုတလင်နယ်ကို စစ်တပ်က အသေခံဒရုန်း ၄ စီးနဲ့ တိုက်ခိုက်၊ ၂ ဦး ဒဏ်ရာရ

ဘုတလင်နယ်ကို စစ်တပ်က အသေခံဒရုန်း ၄ စီးနဲ့ တိုက်ခိုက်၊ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ် ရွာသာကျေးရွာကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၅ ရက်မနက် ၁၁နာရီခွဲ၀န်းကျင်မှာ အသေခံဒရုန်း ၄ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့ အသေခံဒရုန်း ၄ စီးဟာ ရွာသာကျေးရွာက ရပ်ရွာအခြေပြုစာသင်ပေးနေတဲ့အိမ်ကို အသေခံဒရုန်း ၄ စီးနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဘုတလင်မြို့နယ် ပအဖ အဖွဲ့၀င်တဦးက ပြောပါတယ်။

“သူတို့ ပစ်မှတ်ထားပြီး လာပစ်တာ စာသင်တဲ့အိမ်ဖြစ်မယ်ထင်တယ်၊ အဲ့ဒီအိမ် မကျဘဲ တခြားအိမ်ပေါ် သွားကျတာ၊ ၂ ယောက် ထိသွားတယ်” လို့ ပအဖ အဖွဲ့၀င်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ၄ စီးနဲ့ ရပ်ရွာအခြေပြု စာသင်တဲ့နေအိမ်ကို ပစ်ခတ်ခဲ့ပေမယ့် အဲ့ဒီအိမ်အနီးက အရပ်သားပြည်သူနေအိမ်ပေါ် ဒရုန်း ၂ စီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

“လာချတာက ၄ စီး၊ကွဲတာက ၃ စီပဲ ကွဲတာ၊တစ်စီးက အပင်ပေါ်မှာတင် တင်နေတာ မကွဲဘူး၊ကွဲတဲ့အိမ်ကတော့ ပျက်သွားတယ်၊အိမ်ထဲရှိတဲ့လူ ၂ ယောက် ထိတယ်”လို့ ဘုတလင်နယ် ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အသေခံ ဒရုန်း တွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေဟာ သက်ကြီးပိုင်းအမျိုးသားတစ်ဦးနဲ့ အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကလည်း ဘုတလင်နယ် ငပယင်း ရွာအရပ်ဖက်ဆေးရုံကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအ၀င်ပြည်သူ ၆ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်အသုံးပြုသည့် အသေခံဒရုန်း(ပုံဟောင်း- လူမှုကွန်ရက်)

error: Content is protected !!