Home > သတင်း > စစ်ရေး > ကနီနဲ့ယင်းမာပင်နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထောင်နဲ့ချီထွက်ပြေးနေရ

ကနီနဲ့ယင်းမာပင်နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထောင်နဲ့ချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ယင်းမာပင်မြို့နယ်တွေမှာ မတ်လ ၇ ရက် မနက်ပိုင်းကစလို့ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ချင်းတွင်းတံတားထိပ်ကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ကနီမြို့နယ် တွင်းမရွာအနီးမှာ ရောက်ရှိနေပြီး ဆားလင်းကြီးမြို့နယ် ယန်စီကြေးနီစီမံကိန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ယင်းမာပင်မြို့အနီးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

“စစ်ကြောင်းနှစ်ခုထိုးလာတယ်။ ဒေသခံတွေကတော့များတယ် ထွက်ပြေးနေရတာ ။ ရွာတွေကလည်း များတယ်။ ဘာအတွက် စစ်ကြောင်းထိုးလာတာလည်းတော့မသိဘူး” လို့ တော်လှန်ရေးနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

ဒါ့အပြင် ပုလဲမြို့နယ် မုံသွင် – ချင်ပြစ်ရွာမှာ တပ်စွဲနေကြတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အနီးနားက ရွာတွေကို ပတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ပုလဲ – ယင်းမာပင် – ကနီမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်က အင်အားရာချီအသုံးပြုပြီး စစ်ကြောင်းပတ်ထိုးနေတယ်လို့လည်း သိရပါတယ်။

error: Content is protected !!