Home > Uncategorized > အညာဒေသရဲ့ အရပ်ဇာတ် (၈)

အညာဒေသရဲ့ အရပ်ဇာတ် (၈)

အညာဒေသရဲ့ အရပ်ဇာတ် (၈)

မောင်ဧက
(မျက်မှောက်ခေတ်)

“အညာဒေသရဲ့အရပ်ဇာတ်ပွဲဖူးစားဖက်ဆိုတာ ကလည်း အညာကျေးလက်ရွာတွေမှာပဲရှိတာပါ”

အရပ်ဇာတ်ပွဲကို ရွာသူ၊ရွာသားတွေကပဲ ကပြဖျော် ဖြေကြတာဖြစ်သလို ပွဲကြည့်ပရိတ်သတ်ကလည်း ရပ်သူ၊ရွာသားတွေပဲ ဖြစ်ပါတယ်။

အော်ပရာ အစီစဉ် ပြီးတဲ့နောက် စတိတ်ရှိုး လို့ခေါ်တဲ့ ခေတ်ပေါ်  တေးသီချင်းတွေ နဲ့ သီဆိုဖျော်ဖြေကြတာပါ။

ပွဲခင်းရဲ့နောက်ဆုံးနေရာမှာ ရပ်ရွာအုပ်ချုပ်သူတွေ၊လူငယ်ခေါင်းဆောင်တွေက စောင့်ကြပ်ကြည့်ရှု့ပေးတာဖြစ်ပါတယ်။

တခါ တရံ မှာရွာဘုန်းတော်ကြီးကျောင်းက ကျောင်း ထိုင်ဆရာတော်ကြီးကလည်း ပွဲခင်းရဲ့နောက်ဘက်ကအုပ်ချုပ်ရေးမှူတွေရှိတဲ့နေရာမှာ ရှိနေတတ်ပါတယ်။

အရပ်ဇာတ်ခုံရဲ့ ဘယ်၊ညာ ဒေါင့်တွေမှာ ရွာဘုန်းကြီး ကျောင်းက သံဃာငယ်တွေ နေရာယူပြီးမူးရူး ကခုန်သူတွေ၊အချင်းချင်း ရန်ဖြစ်ကြ သူတွေကို ထိန်းသိမ်းပေးတာ ဖြစ်ပါတယ်။

တခါတလေမှာ ပွဲခင်းထဲက ပွဲကြည့် ပရိတ်သတ်ရွာသူ၊ရွာသားအချင်းချင်းလည်း နေရာလုကြရင်း ရန်ဖြစ်တတ်ကြပါသေးတယ်။

“မြန်မာသံစဉ် တေးဂီတ”အစီစဉ် ပြီးလို့  ပွဲခဏနားချိန်မှာ ပွဲခင်းအပြင်ထွက် မုန့်စား၊ကွမ်း၀ယ်၊ဆေးသောက် ပြီး “အော်ပရာ”အစီစဉ်စလို့ ပွဲခင်းထဲပြန်၀င်ချိန် နေရာလုကြရင်းရန်ဖြစ်တာပါ။

သားသည်မိခင်တွေကလည်း တစ်နှစ်မှ တခါပဲကြုံရတဲ့ ရွာအရပ်ဇာတ်ပွဲဖြစ်လို့ ကလေးငယ်ကိုရင်ခွင်ပိုက်ပြီး ချမ်းချမ်းအေးအေးနဲ့ အရပ်ဇာတ်ပွဲ လာကြည့်ကြတာလည်း ရှိပါတယ်။
ကလေးက နို့ဆာလို့ အော်ငိုတဲ့ အသံတွေ၊ပွဲကနေ
ချိန် ဒုန်းကနဲ ဒိုင်းကနဲ အသံတွေကြောင့် လန့်ငိုကြတဲ့ကလေးတွေရဲ့အသံတွေကလည်း အရပ်ဇာတ်ပွဲတွေမှာ ကြားရလေ့ရှိပါတယ်။

အရပ်ဇာတ်ပွဲကြောင့် ညားသွားကြတဲ့ လူငယ်တွေလည်း အညာဒေသမှာ ရှိပါသေးတယ်။ပွဲချိန်ဖြစ်နေလို့ သားရှင်၊သမီးရှင်တွေက လွတ်လွတ်လပ်လပ် ပွဲကြည့်ခွင့် ပေးထားချိန်မှာ တယောက်နဲ့ တစ်ယောက် ချိန်းတွေ့ကြရင်း ၊ အလည်လွန် ကြရင်း မင်္ဂလာပွဲဖြစ်သွားကြတာပါ။

ပုံမှန်အချိန်တွေမှာ လယ်လုပ်၊ယာခုတ် လုပ်ကြရတဲ့ တောသူ၊တောင်သားတွေဖြစ်လို့ လူငယ်ချင်း ချစ်ကြ ကြိုတ်ကြတယ် ဆိုရင်တောင် မှလွတ်လွတ်လပ်လပ် တွေ့ဖို့ အခွင့်မသာသ လိုကျေးလက်ဒေသကသမီးရှင် အုပ်ထိန်းသူမိဘတွေကလည်း သမီးဖြစ်သူကို စည်းကမ်းပိုင်းနဲ့ပတ်သက်ပြီး တင်းကြပ်ထားကြပါတယ်။

ဒါပေမယ့် တစ်နှစ်မှ တစ်ခါသာကြုံရတဲ့ ရွာဘုရားပွဲရဲ့ အရပ်ဇာတ်ပွဲမှာတော့ သား၊သမီးတွေကို လွတ် လွတ် လပ်လပ် ပွဲကြည့် ဖို့ ခွင့်ပြုပေးတတ်ကြပါတယ်။

ဒီလိုနဲ့ အညာဒေသရဲ့ အရပ်ဇာတ်ပွဲဖူးစားဖက်ဆိုတာကလည်း အညာ ကျေးလက်ရွာတွေမှာ ပဲရှိတာပါ။
အညာဒေသရဲ့ အရပ်ဇာတ်ပွဲ ဖူးစာ ဆိုပေမယ့်ရိုး မြေကျ ပေါင်းသင်း ကြပါတယ်။

#မောင်ဧက

error: Content is protected !!