Home > ရင်ဖွင့်စာ > အယ်ဒီတာထံပေးစာ

အယ်ဒီတာထံပေးစာ

အစိုးရသက်တမ်းသစ်မှာ အသိမ်းခံမြေပြန်ပေးပါ။ မြေအသိမ်းခံရတဲ့ အခြေအနေကို သက်ဆိုင်ရာတာ၀န်ရှိသူတွေ သိရှိနိုင်ဖို့ အယ်ဒီတာ့ထံပေးစာကတစ်ဆင့် သက်ဆိုင်ရာတာ၀န်ရှိသူတွေ သိရှိနိုင်ဖို့ ရေးသာအသိပေးအပ်ပါတယ်။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ဆုတောင်းပြည့်ကျေးရွာအုပ်စု၊ တောကြီးစာဖြူစုကျေးရွာရှိ မြေယာတွေက ဒေသခံတောင်သူတွေ ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ မြေယာတွေဖြစ်ပါတယ်။ ၁၉၉၈-၉၉ ခုနှစ်မှာ ကွင်းအမှတ် (၅၈၅-ဃ) မြေဧက ၄၀၀ ခန့်ကို ပထမအကြိမ်အဖြစ် ကုမ္ပဏီတစ်ခုက သိမ်းခဲ့ပါတယ်။ သိမ်းပြီးမြေတွေကို ကုမ္ပဏီက အားလုံးလက်လှမ်းမမီတော့ ဒေသခံ ကျွန်တော်တို့တောင်သူတွေကို သီးစားပြန်ချတယ်။ တစ်ဧကကို စပါးဆယ်တင်းနှုန်းနဲ့ပါ။ အဲဒီလိုနဲ့ လုပ်ကိုင်လာရင်းနဲ့ သုံးနှစ်လောက်ကြာတဲ့အခါမှာ ၂၀၁၄ ခုနှစ် ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဦးစောနောင်တို့အဖွဲ့က အထက်က သူတို့ကို လွှဲပြောင်းပေးတယ်ဆိုပြီး ဒုတိယအကြိမ် ပြန်သိမ်းပြန်တယ်။ သူတို့အဖွဲ့က တောင်သူတွေလုပ်ကိုင်တဲ့နေရာကို အတင်း စက်ကြီးတွေနဲ့ဆင်းလာပြီး ကျွန်တော်တို့စိုက်ပျိုးထားတဲ့ သီးနှံတွေကို အကုန်လုံး စက်ကြီးတွေနဲ့ တွန်းဖြိုဖျက်ဆီးပြီး ကန်ဘောင်ဖို့ကြပါတယ်။ ကျွန်တော်တို့တောင်သူတွေမှာ မြေကြီးအသိမ်းခံရတဲ့အပြင် အဲဒီအချိန်အခါက စိုက်ခဲ့ကြတဲ့ စပါး၊ မတ်ပဲ၊ နေကြာ တခြားသီးနှံတွေအကုန်လုံးပျက်စီးတော့ ကျွန်တော်တို့တောင်သူတွေ လူနေမှုဘ၀ ဆိုးဆိုးရွားရွား နိမ့်ကျခဲ့ရတာအခုချိန်ထိပါပဲ။

ဒီလိုနဲ့‌နေလာခဲ့ရာ ၂၀၁၄ ခုနှစ်မှာ အသိမ်းခံရတဲ့တောင်သူ ၂၃ ဦးက ဦးဆောင်ပြီးတော့ အသိမ်းခံမြေယာတွေကို တိုင်ကြားတောင်းခံတဲ့နေရာမှာ ဧက ၃၅၀ ခန့် ပြန်ရကြပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်သူ ၁၅ ဦးအဖွဲ့ကို နောက်တစ်သုတ်မှ တင်ပေးမယ်ဆိုပြီးချန်ခဲ့တာ ခုထက်ထိပဲ။‌ မြေပြန်ရတဲ့ တောင်သူ ၂၃ ဦးက ကွင်းအမှတ်( ၅၈၅-ဃ)၊ ကျွန်တော်တို့တောင်သူ (၁၅) ဦးကလည်း ဒီကွင်းအမှတ်ပေါ်က တစ်စုတည်း ဖြစ်ကြပါတယ်။ ဟိုဘက်သည်ဘက် ကန်သင်းတင်တောင်သူတွေလည်း ဖြစ်ကြပါတယ်။ တဆက်တည်းဖြစ်ပါတယ်။ အခုလက်ရှိ ပြန်ပေးဖို့ ကျန်ရှိတဲ့ တောင်သူ ၁၅ ဦးရဲ့ မြေဧက ၄၆ ဧက‌ ကျော်ကို ပြန်ပေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။

လက်ရှိမြေပြန်ရတဲ့တောင်သူ ၂၃ ဦးက ၂၀၁၄ ခုနှစ်မှာ မြေယာပြန်ရပြီး ယခုလက်ရှိပုံစံ ၇ လက်မှတ်တွေတောင် ထွက်နေပြီဖြစ်ပါတယ်။ အဲဒီတောင်သူ ၂၃ ဦး လယ်ပြန်ရတာ ၆ နှစ်ရှိပါပြီ။ ကျွန်တောင်တို့ တောင်သူ ၁၅ ဦးရဲ့ နစ်နာမှုက တစ်ဧကကို စပါးတင်း ၁၀၀ နှုန်းနဲ့တွက်ရင် ၆ နှစ်ဆိုတော့ တစ်ဧကကို စပါးတင်း ၆၀၀ ၊‌ခြောက်သိန်းနှုန်းနဲ့ တွက်မယ်ဆိုရင်တောင် ခြောက်နှစ်ဆိုတဲ့ကာလမှာ သုံးဆယ့်ခြောက်သိန်း နစ်နာနေပါပြီ။ ပထမသိမ်းထားတဲ့ ခုနှစ်နဲ့တွက်မယ်ဆိုရင် အသိမ်းခံထားရတဲ့နှစ်က ၂၁ နှစ်ရှိပါပြီ။ သက်ဆိုင်ရာက အခုလာမဲ့ ၂၀၂၁ ခုနှစ် အစိုးရသစ်လက်ထက်မှာ ကူညီဆောင်ရွက်ပေးစေလိုကြောင်းပါ။

ပုံပါအခြေအနေမှာ လက်ရှိငါးကန်ဖော်ပြီးအချိန်တွင် စပါးတစ်ဖြတ်စိုက်ပျိုးထားခြင်းဖြစ်သည်။ ဒေသခံများအခေါ် ငါးစပါးစိုက်ပျိုးထားခြင်းဖြစ်သည်။

error: Content is protected !!