ယောမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးကောင်းကောင်းအပါအဝင် ၂ ဦးကျဆုံး
မကွေးတိုင်း၊ ယောဒေသ၊ ညောင်လယ်ကျေးရွာအနီးမှာ မတ် ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး YDF စစ်မြေပြင်ရုံးမှ ဗိုလ်ကြီးကောင်းကောင်းအပါအဝင် ရဲဘော်နှစ်ဦးကျဆုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ဘယ်ဘက်ကမှားတယ်၊ မှန်တယ်ဆိုတာထက် တော်လှန်ရေးသမားချင်း လက်နက်နဲ့ဒီလို လုပ်တာကို... Read More
မုံရွာနယ် အရှေ့ခြမ်းလေကြောင်းတိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံး၊ ကလေးငယ် အပါအ၀င် ၆ ဦးထိခိုက်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ပင်တဲ ရွာအနီးကို စစ်တပ်က မတ်လ ၂၃ ရက် ညနေ ၆နာရီ ၀န်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ တစ်ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနဦး သိရပါတယ်။ မုံရွာနယ် အရှေ့ခြမ်း ညောင်ပင်တဲကျေးရွာအနီး... Read More
မြောင်နယ်က သောင်ကြီးရွာလေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၆ ဦးထက်မနည်း သေဆုံး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သောင်ကြီးရွာကို စစ်ကော်မရှင်တပ်က မတ်လ ၂၃ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ဉီးထက်မနည်းသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မြေပြင်တိုက်ပွဲမရှိဘူး။ လေကြောင်းတိုက်ခိုက်မှုကြောင့် လောလောဆယ်အတည်ပြုလို့ရတာကတော့ ရွာခံခြောက်ဦး သေဆုံးတယ်။ အလောင်းတွေကတော့ ဆက်ပြီးရှာဖွေနေဆဲပဲ” လို့ မြောင်မြို့နယ်ဒေသခံတဦးက... Read More
ပုလဲမြို့နယ်မှာ ဒရုန်းနဲ့ မီးလောင်ဗုံးချတိုက်ခိုက်ခံရ၊ လူနေအိမ် ၃၀ ကျော်ထက်မနည်း ပျက်စီး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံသွင်ရွာကို စစ်ကော်မရှင်တပ်က ဒီကနေ့မတ်လ ၂၃ ရက်နေ့ နံနက် အစောပိုင်းအချိန်မှာ ဒရုန်းနဲ့ မီးလောင်ဗုံးချတိုက်ခိုက်သွားတယ်လို့ ဒေသခံကပြောပါတယ်။ မီးလောင်ဗုံးနဲ့တိုက်ခိုက်ခံရလို့ လူနေအိမ် ၃၀ ကျော် ထက်မနည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ “မနေ့ညက ဒရုန်းနဲ့ မီးလောင်ဗုံးကြဲသွားတာ။... Read More
ကနီလေကြောင်းတိုက်ခိုက်မှု သံဃာတော် ၁ ပါးပျံလွန်တော်မူ၊ ကပ္ပိယ ၁ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူးလေကုန်းရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုမှာ သံဃာတော် ၁ ပါးပျံလွန်တော်မူပြီး ကပ္ပိယတဦး သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။ “အရပ်သားတွေကတော့ ဘေးကင်းတယ် ။ သံဃာတော်တစ်ပါးနဲ့ ကပ္ပိယတစ်ယောက်ကတော့ မနေ့က ဆုံးတယ်။ နောက်ထပ်သံဃာတော်နှစ်ပါးနဲ့ ကပ္ပိယတစ်ဦးတို့ကတော့ ထိခိုက်ခဲ့သေးတယ်... Read More
စစ်ကိုင်းနယ်မှာ စက်သုံးဆီ ၁ ဂါလံ ၄သောင်းနှုန်းဈေးပေါက်၊ တောင်သူတွေ ဝယ်မရဖြစ်နေ
စစ်ကိုင်းတိုင်းမှာ စက်သုံးဆီ တဂါလံ ငွေကျပ် ၄ သောင်းနှုန်းပေါက်ဈေးရှိပြီး တောင်သူတွေ ဝယ်မရလို့ အခက်အခဲဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂ခုမှာရှိတဲ့ တောင်သူတွေက မျက်မှောက်ခေတ်ကိုပြောပါတယ် “ဓာတ်ဆီအတွက်က ဆိုင်ကယ်နဲ့တိုးလို့ရတယ်ထားဦး။ ရေစုတ်စက်တို့၊ ထွန်စက်တို့ သုံးဖို့ ဒီဇယ်ကို ဘယ်လို ၀ယ်ရမလဲ။... Read More
ကနီမြို့နယ် ဆူးလေးကုန်းရွာကို စစ်ကော်မရှင်တပ်က JF ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဆူးလေးကုန်းရွာကို စစ်ကော်မရှင်တပ်က JF ဖိုက်တာနဲ့ မတ်လ ၂၁ ရက်နေ့ နေ့လည်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်၊ သေဆုံးသူမှု အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။ “ဗုံးကြဲလေယာဉ်အစုံနဲ့ လာကြဲသွားတာ ။... Read More
ဟားခါးမှာ အာဏာသိမ်းစစ်တပ်ရဲ့ လွှတ်တော်ရှေ့ကို ဒရုန်းနဲ့တိုက်ခိုက်
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ချင်းပြည်နယ်လွတ်တော်အဆောက်အဦကို လွတ်တော် ပထမအကြိမ် စတင်ကျင်းပတဲ့ မတ်လ ၂၀ ရက်နေ့မှာ CDF- Hakha က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို ထုတ်ပြန်ပါတယ်။ CDF – Hakha က ထုတ်ပြန်တဲ့... Read More
ယင်းမာပင်မြို့အနီး စစ်ကော်မရှင်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးလာ၊ အရပ်သားတွေ ထပ်မံထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အနီးကို မတ်လ ၂၀ ရက်နေ့ ညနေပိုင်းမှာ စစ်ကော်မရှင်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးလာတာကြောင့်အရပ်သားတွေ ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက ယင်းမာပင်မြို့အတွင်းကို ထပ်မံဝင်ရောက်သွားပြီးနောက် မတ်လ ၂၀ ရက်နေ့... Read More









