Home > သတင်း > စစ်ရေး > BNRAကနေ ထုတ်ပေးထားတဲ့ လက်နက်တွေ လာအပ်ကြဖို့ ယင်းမာပင်ခရိုင် ပကဖ ထုတ်ပြန်

BNRAကနေ ထုတ်ပေးထားတဲ့ လက်နက်တွေ လာအပ်ကြဖို့ ယင်းမာပင်ခရိုင် ပကဖ ထုတ်ပြန်

ယင်းမာပင်ခရိုင်မှာ BNRA ကထုတ်ပေးထားတဲ့ သေနတ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သက်ဆိုင်ရာ ခရိုင် / မြို့နယ် ပကဖထံမှာ အပ်နှံကြဖို့ ဖေဖော်ဝါရီ လ ၁၉ ရက်ရက်စွဲနဲ့ သတိပေးစာထုတ်ပြန်ထားပါတယ်။
“နဂါးတပ်ဖွဲ့ဝင်တွေ ယာယီထိန်းသိမ်းထားတာရှိတယ်။ လက်နက်တွေသိမ်းဆည်းထားတာလည်းရှိတယ်။ အချို့ကလည်း လက်နက်ချပြီး လာပူးပေါင်းတာရှိတယ်။ ကျန်နေသေးတဲ့ လက်နက်တွေကို ပိုက်စိပ်တိုက်ပြီး လိုက်သိမ်းနေပြီ” လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူအချို့က ပြောပါတယ်။
ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ )ရဲ့ သတိပေးထုတ်ပြန်ချက်ထဲမှာ BNRA အဖွဲ့အစည်းကနေ ထုတ်ပေးထားတဲ့ သေနတ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ ဖျောက်ဖျက်ထားခြင်း ၊ ဖျက်စီးခြင်း စတာတွေ မပြုလုပ်ကြရန် စစ်ဆေးပေါ်ပေါက်လာပါက ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင် ရပ်​ကျေး ၊ တိုက်နယ် ပကဖ ၊ ပအဖတွေအနေနဲ့ မိမိတို့ နယ်မြေအတွင်းမှာ BNRA အဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေရှိပါက သက်ဆိုင်ရာခရိုင် / မြို့နယ် ပကဖတာဝန်ခံတွေဆီ ချိတ်ဆက်သတင်းပေးကြရန် တိုက်တွန်းထားပါသေးတယ်။
ပုံစာ -၂၀၂၄၊မေလ (၁၁)ရက်က BNRAတပ်ဖွဲ့ (အပတ်စဥ် – ၁)သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနားပြုလုပ်နေပုံ။(ဓာတ်ပုံ – BNRA)

error: Content is protected !!