Home > သတင်း > စစ်ရေး > စစ်ရေး > ခင်ဦးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေ ၊ ၈ ဦးထိခိုက်ဒဏ်ရာရ

ခင်ဦးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေ ၊ ၈ ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ညောင်ပင်ကြီးစု​ကျေးရွာမှာ မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းအချိန်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ် သား ၃ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ခင်ဦးမြို့နယ်ဒေသခံတွေက ပြောပါတယ်။
“ရွာရဲ့ စာသင်ကျောင်းထဲ ဗုံးသီးတစ်လုံးကျတယ် ။ ပြီးတော့ ရေဦးနဲ့ ရွှေဘိုသွားကားလမ်းပေါ် တစ်လုံးကျတယ်။ ရွာထဲ တစ်လုံးကျတယ်။ ရွာခံ သုံးဦးသေတယ်။ ရှစ်ဦးထိခိုက်တာရှိတယ်” လို့ ခင်ဦးမြို့နယ်​ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုကျော်မြင့် ၊ ကိုစိုးတင့် ၊ ဒေါ်ရွှေကြိုင်တို့ သေဆုံးသွားတာဖြစ်တယ်လို့ဆိုပါတယ်။
မအုံံမာ ၊ ကိုဝင်းအောင် ၊ ဒေါ်သောင်းဌေး ၊ ကိုကိုမောင် ၊ ကိုဇင်မျိုးသူ ၊ ကိုအောင်ဇင်လင်း ၊ ဒေါ်ခင်တင့် နဲ့ဒေါ်တုတ်ဆိုသူတို့ ထိခိုက်ဒဏ်ရာရရှိသွားကြတယ်လို့ ဒေသခံကပြောပါတယ်။
ပုံစာ – ခင်ဦးမြို့နယ် ညောင်ပင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးမြင်ကွင်း။( ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့။

error: Content is protected !!