Home > သတင်း > (၇၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ပြုလုပ်

(၇၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ပြုလုပ်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တနေရာမှာ New Myanmar foundation ကဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ (၇၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ပြုလုပ်ပါတယ်။
“ယနေ့သည် လူသားမျိုးနွယ်အားလုံး၏ လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို အာမခံချက်ပေးရန်အတွက် ရည်ရွယ်ပြဌာန်းသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြုပြဌာန်းနိုင်ခဲ့သည်မှာ ၇၇ နှစ်ပြည့်မြောက်ခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ ဤပြဌာန်းချက်ပါ အခွင့်အရေးနှင့် တာဝန်များကို လူသားတိုင်း လက်ဝယ်ပိုင်ဆိုင် ခံစားနိုင်စေရန်အတွက် နိုင်ငံအသီးသီး အစိုးရတိုင်းကို တာဝန်ပေးထားသည်မှာ အဓိကကျသော လုပ်ဆောင်ချက်ဖြစ်သည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် အာဏာသိမ်းအုပ်ချုပ်နေသော အကြမ်းဖက်စစ်ကော်မရှင်သည် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားရန၊ ကာကွယ်ပေးရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဟူသော အစိုးရတစ်ရပ်၏ တာဝန်ဝတ္တရားများကို ပျက်ကွက်ရုံမျှမက၊ ၎င်းတို့ကိုယ်တိုင် မူဝါဒများ၊ ဥပဒေများ၊ အမန့်ညွှန်ကြားချက်များ ချမှတ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်လျက်ရှိနေပါသည်” လို့ လူ့အခွင့်အရေးနေ့အခမ်းအနားတက်ရောက်သူများ(မဲဆောက်မြို့)ကဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ -MMK

error: Content is protected !!