Home > သတင်း > မုံရွာမြို့ရဲ့ အသံတိတ်သပိတ်မှာ မြို့ခံတွေပူးပေါင်းပါ၀င်

မုံရွာမြို့ရဲ့ အသံတိတ်သပိတ်မှာ မြို့ခံတွေပူးပေါင်းပါ၀င်

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်ကို မြို့ခံပြည်သူလူထုက ပူးပေါင်းပါ၀င်မှု ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
” မြို့ထဲမှာ အသွားအလာ မရှိသလောက် ပဲ၊တချို့တလေပဲ ရှိတယ်၊ ပုံမှန်ရက်တွေလို မစည်ဘူး” လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။
မုံရွာမြို့ရဲ့ အဓိကလမ်းမကြီးတွေပေါ်မှာ လူအသွား၊အလာ နည်းပါးနေပြီး စစ်တပ်လက်အောက်ခံ အဖွဲ့တွေက အိမ်စီးကားတွေ၊ဆိုင်ကယ်တွေနဲ့ မြို့တွင်းပတ်ကင်းလှည့်နေတာ ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဈေးတွေကို လှည့်လည်စစ်ဆေးနေပြီး ပိတ်ထားတဲ့ ဈေးဆိုင်ခန်းတွေကိုလည်း မှတ်တမ်းယူနေတာရှိတယ်လို့ သိရပါတယ်။
အသံတိတ်သပိတ်မှာ ပါဝင်တဲ့အနေနဲ့ တချို့မြို့နယ်တွေမှာ ကျောင်းတွေကိုပါ ပိတ်ထားတယ်လို့လည်း သိရပါတယ်။

error: Content is protected !!