Home > သတင်း > အညာဒေသမှာ (၇၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုပြုလုပ်

အညာဒေသမှာ (၇၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုပြုလုပ်

အညာဒေသမှာ (၇၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုကို ပြုလုပ်ကြတယ်လို့ ငြိမ်းချမ်းရေးစာသင်ခန်း – Peace Classroom က ထုတ်ပြန်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအနေနဲ့ လူ့အခွင့်အရေး ပညာပေးဟောပြော အသိပညာပေး အစီအစဉ်များ ၊လူ့အခွင့်အရေး ဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲများကျင်းပပြုလုပ်ခြင်း ၊ဆုချီးမြှင့် ဂုဏ်ပြုခြင်းများနှင့် အထိမ်းအမှတ် ကမ်းပိန်းလှုပ်ရှားမှု စတဲ့အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
(၇၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး‌နေ့မှာ လူ့အခွင့်အရေး အပြည့်အ၀ရရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက်တိုက်ပွဲ၀င်ကြပါစို့ လို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

error: Content is protected !!