Home > ရင်ဖွင့်စာ > ကျားဖြန့်စလော့ မြန်မာနိုင်ငံမှာလူငယ်တွေ ပျက်စီးရခြင်းရဲ့ ကျွဲဂိမ်းအကြောင်း

ကျားဖြန့်စလော့ မြန်မာနိုင်ငံမှာလူငယ်တွေ ပျက်စီးရခြင်းရဲ့ ကျွဲဂိမ်းအကြောင်း

ပြည်သူတဦး
(မျက်မှောက်ခေတ် ရင်ဖွင့်စာ)

လွန်ခဲ့သော် ၁ နှစ်ကျော်ခန့်က အသိညီမတယောက် ဘောလုံး(Football)အေးဂျင့် လုပ်ခဲ့ဘူးတယ်။
လုပ်သက် လာအနည်းငယ်ကြာလာတော့ သူ့ အပေါ်က စီနီယာက ဘောလုံး(Football)နဲ့ပဲ အဆင်မပြေကြောင်း Slot(စလော့ဂိမ်း) တွေပါ တွဲလုပ်သင့်ကြောင်း အဲ့တာမှ ပိုက်ဆံ မျိုးမျိုး မြတ်မြတ် ရမယ့်ကြောင်းနဲ့ မက်လုံးတွေနဲ့အတူ အဖက်ဖက် ဖိအားများနဲ့ Slot(စလော့)တွေကိုပါ လုပ်ခိုင်းလာတယ်။

အဲ့ဒီအချိန်မှာ အသိညီမက အစတည်းက နာမည်ပျက်တွေရှိနေတဲ့ Slot(စလော့)တွေနဲ့ အလုပ် မလုပ်ချင်တာကြောင့် ဘောလုံး(Football) Agent မှာ အနားယူလိုက်တယ်လိုလည်းသိရတယ်။

Agent တွေက လုပ်ပြီး အနားယူတဲ့အချိန် သူတို့ အရင်က ယူထားတဲ့ Website တွေ User Name & Password တွေအပြင် ပိုက်ဆံ ကိစ္စတွေပါ အားလုံး ရှင်းပေးခဲ့ရတယ်လို့လည်း အပြင်မှာလေ့လာကြည့်သလောက် သိထားရပါတယ်။

(ချွင်းချက် အနေနဲ့ Agent ရဲ့ Senior က သူချပေးထားတဲ့ Website ရဲ့ Account နဲ့ Password ကို အချိန်မရွေးပြန်ပြောင်းပြီး ဝင်လို့ရသလို ထို Agent Account ထဲကိုဝင်ပြီးတော့လည်း သူတို့ လုပ်ချင်တိုင်း ဝင်လုပ်လို့ ရနေတာပါ။)

အပေါ်က အကြောင်းအရာကို ပြန်ဆက်ပြီး ပြောရမယ်ဆိုရင် အသိညီမက သူလုပ်ခဲ့ဖူးတဲ့ Agent လောက ထဲကနေ အနားယူလိုက်တယ်။

လုံးဝမပတ်သတ်တော့တဲ့ အချိန်တခုကိုရောက်နေပြီးမှ အရင်သူ့ Senior ဖြစ်သူက Account ထဲမှာ Unit တွေ သုံးထားကြောင်း သုံးထားတဲ့ Unit တွေအတွက် ပိုက်ဆံ ပေးရမည်ဖြစ်ကြောင်း ဆက်သွယ်လာပါတယ်။

ပိုက်ဆံ မပေးပါက Black List တင်ရမည်ဖြစ်ကြောင်း နာမည်ကို ရစရာ မရှိအောင် လုပ်မည်ဖြစ်ကြောင်းကို ကျားဖြန့်တို့ သဘော သဘာဝ အရ စတင် ဖိအားပေးလာတယ်။

အဲ့ဒီညီမကလည်း ပြီးခဲ့တဲ့ကိစ္စတွေအတွက် ရှင်းပေးရန် မလိုတဲ့အကြောင်း သူမသိကြောင်းသေချာရှင်းပြနေပေမယ့် တဖက်ကလုံးဝ လက်မခံပဲ ဆက်တိုက်ဆို သလို ဖိအားပေးတာခံလာရတယ်။

(ထိုနေရာ တစ်ခုရှိတာက Senior အများစုက ကိုယ်တိုင် အလုပ်လုပ်မနေပါဘူး…သူတို့ ဝန်ထမ်းတွေ ခန့်အပ်ထားပြီး Account တွေကို ပေးကိုင်ထားတာပဲဖြစ်ပါတယ်။)

ဖြစ်နိုင်တဲ့ အကြောင်းအရာ ၂ ခုရှိတယ်။ တစ်ခုက Unit တွေမသုံးထားတာကို Unit တွေ သုံးထားတယ်ဆိုပြီး လိမ်ပြီး ပိုက်ဆံတောင်းတာမျိုးပါ။
နောက်တစ်ခုကတော့ သူတို့ စီမှာ လက်ရှိလုပ်နေတဲ့ သူတွေက ပဲ Agent Account တွေထဲဝင်လို့ရနေတာဖြစ်လို့ သူတို့ ခန့်အပ်ထားတဲ့ သူတွေကပဲ Account ထဲက Unit တွေကို အသုံးပြုလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

(ဘာလို့ အခုလို့ လုပ်ရတာလဲ ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါတယ်၊ အရှက် မကွဲချင်ရင် ပိုက်ဆံပေး၊ ပိုက်ဆံ မပေးနိုင်ရင် Agent ဆက်လုပ် Slot(စလော့) တွေရောင်းပေး ထိုးသားတွေရှုံးလာတဲ့ ပိုက်ဆံကို ငါတို့ ရစရာ ရှိတယ်ဆိုပြီး ခေါင်းပုံဖြတ်မယ်။)

Slot(စလော့) Game တွေမှာ Game ဆော့သူရဲ့ အရှုံးက ၉၀ ရာခိုင်နှုန်းလောက် ရှိပြီး သူတို့ Program ရေးထားတဲ့ အတိုင်း Game ဆော့သူတွေ အရှုံးကြီးပဲဖြစ်နေပါတယ်။

Game ဆော့လို့ နိုင်သွားတဲ့ သူဆိုတာ ၁၀၀ မှာ ၁ ဦးမရှိသလို့ Agent တွေက Game နိုင်သွားလို့ ဘယ်လောက် လျှော်လိုက်ရပါတယ်ဆိုတဲ့ ငွေလွှဲ Screenshot တွေဆိုတာမှာလည်း သူတို့ Account အချင်းချင်း ပြန်လွှဲပေးထားတဲ့ ငွေလွှဲ Screenshot အတုများသာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ လူအဆော့များဆုံး လူငယ်တွေ ပျက်စီးနေရတဲ့ Game က ကျွဲဂိမ်းလို့ အများခေါ်နေကြတဲ့ ကျွဲဖမ်း Game ပဲဖြစ်ပါတယ်။

လူတွေကို နာမည်ဖျက် Game ကစားသူတွေရဲ့ ချွေးနည်းစာတွေ စားနေသူတို့ကို ဖော်ပြပေးလိုက်ပါတယ်။

#ပြည်သူတဦး
#စလော့ဂိမ်း
#မျက်မှောက်ခေတ်
#ရင်ဖွင့်စာ

error: Content is protected !!