Home > Uncategorized > ဖတ်ရှုခံစားခြင်း

ဖတ်ရှုခံစားခြင်း

ဖတ်ရှုခံစားခြင်း

ခရီးတွေသွားကြသည် သို့သော်

လွှားအောင်(စစ်ကိုင်း)

ဆရာမြသန်းတင့်ရဲ့ ခရီးသွားဆောင်းပါးဖြစ်သည်။ ခရီးတွေသွားကြသည်။ ပြီးနောက် ဓာတ်ပုံတွေ ပါလာကြသည်။ ယခုခေတ်ခရီးသွားနည်း ဖြစ်သည်။ သမိုင်းတွေ ပါမလာကြ။ ဒေသန္တရ ဗဟုသုတတွေ ပါမလာကြပါ။

ဆရာက သူ့ဆောင်းပါးထဲမှာ သူရောက်သွားတဲ့မြိတ်ဒေသ ကော့သောင်းနဲ့ တနင်္သာရီ မြို့များရှိ လူမှုဘ၀ အခြေနေတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ၊ နောက်ပြီး ဆက်စပ်ရာသမိုင်းတွေအကြောင်း စီကာစပ်ကာ ရေးပြသွားသည်။ပြောပြသွားသည်။

ထိုဆောင်းပါးကို ရေးရာတွင် ဆရာ့မှာ ရည်ရွယ်ချက်နှစ်ခုရှိသည်ဟု အမှာစာမှာ ဖော်ပြထားသည်။ ပထမတစ်ချက်မှာ ကျွန်တော်တို့သည် ပြည်သူများ၏ အကြောင်းကို သိရှိဖို့လိုပါသည်။သို့မှသာပြည်သူလူထုကို ချစ်တတ်လိမ့်မည်။

ဒုတိယရည်ရွယ်ချက်မှာ ကျွန်တော့်နိုင်ငံသည် သယံဇာတအားဖြင့် ကြွယ်၀သည်။ ကြွယ်၀သည်ကို သိမှ ကိုယ့်တိုင်းပြည်၏ စွမ်းအားကို သဘောပေါက်မည်။

သဘောပေါက်မှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမည်။ ယုံကြည်မှုရှိမှ အနာဂတ်အတွက် ကြည်လင်သော အမြင်မျိုးကို ထားနိုင်မည်ဟု ရည်ရွယ်ချက်နှစ်ရပ်ကို ပြောထားသည်။

ခရီးတွေဘယ်လိုရည်ရွယ်ချက်နဲ့ သွားခဲ့ပါသလဲ။ နောက်ပြီး ဘာတွေပါလာခဲ့သလဲ ……..ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့ ကိုယ့်တိုင်းပြည်ရဲ့အကြောင်းကိုနားလည်ဖို့………ကျွန်တော်တို့ ခရီးတွေအများကြီးသွားကြရအုံးမည်။

-ငွေသောင်ယံ ဟွန်ဒါယဉ်ကျေးမှု မေရီပိုဗေးနှင့် အီကွေတာညများ

-မြသန်းတင့်

#လွှားအောင်(စစ်ကိုင်း)

error: Content is protected !!