နိုင်ငံတော်ကဗျာ
မင်းသူအောင်
(မျက်မှောက်ခေတ် ကဗျာ)
ခေါင်းထဲ အရိုးတွေအက်ဆွေး
သွေးထွက်လွန်နေတဲ့
ငါတို့ဒီမိုကရေစီများ။
တခြားသူအသားတွေ
ခပ်ပါးပါးထည့်ထားတဲ့
ငါတို့ရဲ့ ညလယ်စာထမင်းဝိုင်းများ။
ကော်ဖီခွက်ထဲ ဘဝတွေထိုးနှစ်
နွံနစ်နေတဲ့ နိုင်ငံတော်။
အလောင်းကောင်ကို ကြိုးတုပ်ပြီး
လီိး ပဲလို့ ဆဲရဲတဲ့သတ္တိ
ဘယ်နိုင်ငံမှာမှ မရှိ။
သယံဇာတတွေပေါ်က
လူသေကောင်များ။
လူငယ်ဟာ
သေနတ်ကို
လက်ကြားညှပ်တက်လာတယ်။
နိုင်ငံတော်ဆိုတာကြီးလဲ
ဖြူကာပြာကျလို့။
#မင်းသူအောင်
Credit photo.