Home > သတင်း > ကျန်းမာရေး > တန့်ဆည်မြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်နှစ်ဦးနှင့် သူနာပြုဆရာမ ၄ ဦး ကိုဗစ်ကူးစက်ခံရ

တန့်ဆည်မြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်နှစ်ဦးနှင့် သူနာပြုဆရာမ ၄ ဦး ကိုဗစ်ကူးစက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ ပြည်သူ့ဆေးရုံက ဆရာဝန်နှစ်ဦးနှင့် သူနာပြုဆရာမ ၄ ဦး ကိုဗစ်ပိုးကူးစက်ခံရတယ်လို့ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။

“ဒီနေ့ မနက်ပိုင်းက ပိုးတွေ့ ၆ ယောက်ပါ။ သူနာပြုဆရာမက ဖျားနေတာနှစ်ရက်ရှိပြီ။ မသင်္ကာလို့ ဒီနေ့ Test kit နဲ့စစ်တော့ ပိုးတွေ့တာ။ သူနဲ့ Contact ဖြစ်တဲ့ဆေးရုံသူတွေကို Test kit နဲ့စစ်ကြည့်လိုက်တော့ Positive ဖြစ်တဲ့သူတွေ ထွက်လာတာ။ ကျန်တဲ့ Negative ထွက်တဲ့သူတွေလဲ နောက်တစ်ခါစစ်ရင်တော့ Positive ဖြစ်နိုင်တာပေါ့။ သီးခြားလုပ်ထားတယ်။”လို့ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၆ ဦးက ကျန်းမာရေးကောင်းမွန်နေပြီး နောက်ထပ် Swab ယူကာ မန္တလေးကို ပို့ဆောင်စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။ ပိုးတွေ့လူနာ၆ ဦးမှာ ဆရာဝန် ၂ ဦးနှင့် သူနာပြုဆရာမ ၄ ဦးတို့ဖြစ်ပြီး အားလုံးကို တန့်ဆည်မြို့ ပြည်သူ့ဆေးရုံမှာ သီးသန့်ထားရှိပြီး ဆေးကုသမှုပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

တန့်ဆည်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၃၉ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၃၁ ဦးရှိပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၃ မြို့နယ်မှာ ပိုးတွေ့လူနာ ၁၆၄၇ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၃၇၉ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မနေ့က ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!