Home > သတင်း > ကျန်းမာရေး > ကျွန်းလှမြို့တွင် Save Kyun Hla အဖွဲ့က Mask ကမ်ပိန်းပြုလုပ်

ကျွန်းလှမြို့တွင် Save Kyun Hla အဖွဲ့က Mask ကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် COVID -19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လူတိုင်း နေအိမ်ပြင်ပကို သွားလာရာမှာ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြစေရေး SAVE – KYUN HLA အဖွဲ့က အသိပညာပေး လှုပ်ရှားမှုတစ်ခုကို စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာကော စစ်ကိုင်းတိုင်းအတွင်းမှာပါ COVID -19 ရောဂါ ကူးစက်ခံရမှု မြင့်မားလာတာကြောင့် ကျွန်းလှမြို့မှာ COVID -19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် SAVE KYUN HLA အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ SAVE KYUN HLA အဖွဲ့အနေနဲ့ နှာခေါင်းစည်း (Mask) များပေးဝေခြင်း၊ ပြည်သူတွေ လွယ်လင့်တကူ ရယူနိုင်ရန် အခမဲ့ ရယူနိုင်မယ့် နေရာတွေမှာ နှာခေါင်းစည်း (Mask)တွေ ထားရှိပေးတာ၊ အသိပညာပေးဟောပြောတာတွေဥို ဆောင်ရွက်ပေးနေပြီး လက်ရှိအချိန်ထိ နှာခေါင်းစည်း (Mask) အခုရေ တစ်သိန်းခန့်ကို ပေးဝေနိုင်ခဲ့ပြီဖြစ်တယ်လို့ SAVE – KYUN HLA အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုအောင်နိမိတ်က ပြောပါတယ်။

ဆက်လက်ပြီး ကျွန်းလှမြို့ရှိ စျေးတွေမှာလည်း ပိုးသတ်ဆေးဖြန်းတဲ့လုပ်ငန်းတွေကို ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်နေပြီး ကျွန်းလှမြို့ COVID -19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ စေတနာရှင် အလှူရှင်တွေနှင့် ပူးပေါင်းကာ လုပ်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

မျက်မှောက်ခေတ်+ဇေယျာတိုင်းမ်

error: Content is protected !!