Home > သတင်း > ကျန်းမာရေး > မုံရွာမြို့တွင် Fever Clinic ဆေးခန်း ဒုတိယအကြိမ် ပြန်လည်ဖွင့်လှစ်

မုံရွာမြို့တွင် Fever Clinic ဆေးခန်း ဒုတိယအကြိမ် ပြန်လည်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက် လူငယ်စင်တာမှာ စက်တင်ဘာလ ၂၁ ရက်နေ့က Fever Clinic ဆေးခန်းကို ဒုတိယအကြိမ်အဖြစ် ပြန်လည် ဖွင့်လှစ်လိုက်တယ်လို့ မြန်မာနိုင်ငံဆရာဝန်များအသင်း (မုံရွာ) ဒုဥက္ကဌ ဒေါက်တာ ဒေါ်မြင့်မြင့်သိန်းက ပြောပါတယ်။ အဲဒီဆေးခန်းကို ဆရာဝန်အသင်း (မုံရွာ) နဲ့ လူမှုရေးအသင်းအဖွဲ့တွေက ပူးပေါင်းပါဝင် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ သာမန်ဖျားနာကြတဲ့ လူနာတွေအတွက် ရည်ရွယ်ပြီး (Fever Clinic) ဆေးခန်းကို ဒုတိယအကြိမ်အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ “ကျွန်မတို့က အခုဖြစ်နေတဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ ဒီဆေးခန်းကိုဖွင့်တာ။ ကိုဗစ် ၁၉ ရှိတဲ့ ရောဂါလက္ခဏာြပတဲ့လူနာတွေ၊ သာမန်ဖျားတဲ့သူတွေရောပါ ကျွန်မတို့ဆီကို လာပြလို့ရအောင်လို့ ဖွင့်ခဲ့တာ။ ဒီလိုလုပ်ခြင်းအားဖြင့် တစ်ထောင့်တစ်နေရာကနေ ကာလိုက်ပြီးသားဖြစ်တယ်။ ဒီဆေးခန်းက သာမန်ဖျားတဲ့သူတွေကို ကုသပေးမယ်။ သံသယရှိတဲ့လူနာဆိုရင် ဆေးရုံကြီးကို လွှဲပြောင်းပေးမယ်။ ကျွန်မတို့ မုံရွာမှာတော့ ကိုဗစ်ရောဂါ မတွေ့သေးဘူး။ ဒါပေမယ့် မုံရွာနဲ့ နီးတဲ့ မြို့နယ်အချို့ကတော့ ကိုဗစ် ၁၉ ရောဂါ တွေ့နေပြီ။ ဒါကြောင့် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ရာ အနေနဲ့ ဆောင်ရွက်တာပါ။”လို့ ဒေါက်တာ ဒေါ်မြင့်မြင့်သိန်းက ပြောပါတယ်။

ဒါ့အပြင် Fever Clinic ဆေးခန်းကို လူနာပြသရန်အတွက် ကြိုတင်ပြီးစာရင်းပေးသွင်းရမှာဖြစ်ပြီး စာရင်းပေးသွင်းနိုင်မယ့် Hotline ဖုန်းနံပါတ်မှာ ၀၉-၆၆၀၀၁၀၀၀၀ ဖြစ်ပါတယ်။ Fever Clinic ဆေးခန်းကို အပတ်စဉ် တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးနေ့ နှစ်ရက်သာ ပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး ကျန် ငါးရက်မှာ နံနက် (၉) နာရီကနေ နံနက် (၁၁) နာရီအထိသာ လူနာတွေကို ကုသ စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီဆေးခန်းဖြစ်မြောက်ရေးအတွက် ကုသရေးအပိုင်းကို ဆရာဝန်အသင်း (မုံရွာ)နဲ့ ပုဂ္ဂလိကဆေးရုံတွေက တာဝန်ယူ ဆောင်ရွက်ပေးနေကြတာလည်း ဖြစ်ပါတယ်။ ဆေးခန်းအတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကိုတော့ စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ Save Monywa၊ Monywa Rescue၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အစရှိတဲ့ အသင်းအဖွဲ့တွေက လုပ်ဆောင်နေကြတာြဖစ်ပါတယ်။

သူရိယထက်

error: Content is protected !!