Home > သတင်း > ဒေသတွင်းသတင်း > မုံရွာမြို့ ကားလေးကွင်းအတွင်း ခရီးသည်တင်ယာဉ်တစ်စီးမီးလောင်

မုံရွာမြို့ ကားလေးကွင်းအတွင်း ခရီးသည်တင်ယာဉ်တစ်စီးမီးလောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက် ကားလေးကွင်းအတွင်းမှာ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မုံရွာခရိုင်မီးသတ်ဦးစီးမှူးရုံးသတင်းတွေအရ သိရပါတယ်။ ဖြစ်စဉ်မှာ မုံရွာ-လားရှိုး ပြေးဆွဲနေတဲ့ အားသစ်ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီးမှာ တပ်ဆင်ထားတဲ့ ၂၁ လက်မ TV ကို သွယ်တန်းထားတဲ့ အင်ဗာတာ ဝါယာကြိုး ရှော့ခ်ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်မှုကြောင့် ၂၁ လက်မ TV၊ ဝါယာကြိုးအနည်းငယ် မီးလောင် ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၅၅၀၀၀ ရှိတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကလည်း မုံရွာမြို့အဝင် ကားကြီးကွင်းအနီးမှာ မုံရွာ-မကွေးပြေးဆွဲတဲ့ အောင်ကမ္ဘာယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီး ဝါယာရှော့ခ်ကတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ မီးပေါ့ဆသူ ဦးဝင်းမင်းဌေးကိုတော့ မုံရွာမြို့မရဲစခန်းကနေ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

သူရိယထက်

error: Content is protected !!