Home > သတင်း > ဒေသတွင်းသတင်း > မုံရွာမြို့ ကံသာဦးရပ်ကွက်တွင် မိကျောင်းပေါက် တစ်ကောင်ဖမ်းဆီးရမိ

မုံရွာမြို့ ကံသာဦးရပ်ကွက်တွင် မိကျောင်းပေါက် တစ်ကောင်ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကံသာဦးရပ်ကွက်၊ ရတနာလမ်းဘေးရှိ ရေမြောင်းထဲမှ မိကျောင်းပေါက် တစ်ကောင်ကို စက်တင်ဘာ (၁၁) ရက်နေ့လယ် (၃) နာရီ၀န်းကျင်က ဖမ်းဆီးရမိခဲ့ပါတယ်။ ရေမြောင်းထဲက မိချောင်းပေါက်ကို ကံသာဦးရပ်ကွက်နေ ပြည်သူတွေက အမှတ်မထင် စတင် တွေ့ရှိခဲ့တာဖြစ်ပြီး မုံရွာခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့၀င်တွေက ရှာဖွေရာမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ မိကျောင်းပေါက်က အလျား(၂) ပေ၀န်းကျင်ရှိပြီး မိချောင်း ခေါင်းရှည် အမျိုးအစားဖြစ်ပါတယ်။

“လက်ရှိ ဖမ်းဆီးရမိထားတဲ့ မိချောင်းကို သက်ဆိုင်ရာဌာနကို ပေးအပ်သွားမှာဖြစ်ပြီး‌ ရေမြောင်းထဲမှာလည်း ကျန်ရှိနေနိုင်သေးတဲ့အတွက် ရှာဖွေဖမ်းဆီးတာတွေ ဆက်လက် ပြုလုပ်နေတယ်။”လို့ မုံရွာခရိုင် မီးသတ်တပ်ဖွဲ့ ဦစီးမှူး ဦးညီညီဇော် ကပြောပါတယ်။

ရေမြောင်းထဲမှာ မိချောင်းတွေကို စတင်တွေ့ရှိခဲ့ကြတဲ့ ကံသာဦးရပ်ကွက်က မျက်မြင်တွေရဲ့ ပြောပြချက်အရ မြောင်းထဲမှာ မိချောင်း ၃ ကောင်ထက်မနည်း တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

“မိကျောင်းပေါ်တယ်ဆိုလို့ လာကြည့်တာပါ။ မနက်အစောပိုင်းလူနည်းတုန်းက (၁၅) မိနစ်ကို တစ်ခါလောက် ခေါင်းလေးတွေ ပေါ်ပေါ်လာတာတွေ့ရတယ်။ (၃)/(၄)ကောင် ရှိ

မယ်ထင်တယ်။”လို့ ကံသာဦးရပ်ကွက်ကနေ လာရောက်ကြည့်ရှု့ခဲ့တဲ့ မျက်မြင်တစ်ဦး ကပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မိကျောင်းနဲ့ ရပ်ကွက်နေပြည်သူတွေ ပြောတဲ့ မိကျောင်းတွေဟာ ရပ်ကွက်အတွင်းက ရေမြောင်းထဲကို ဘယ်လိုဘယ်ပုံရောက်လာတယ်ဆိုတာ မသိရသေးပေမယ့် စုံစမ်း ဖော်ထုတ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

error: Content is protected !!