Home > Uncategorized > ပါတီက မရွေးချယ်ပေမယ့် ပြည်သူတောင်းဆိုမှုကြောင့် တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ရတာလို့ စစ်ကိုင်းတိုင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အချို့ပြောကြား

ပါတီက မရွေးချယ်ပေမယ့် ပြည်သူတောင်းဆိုမှုကြောင့် တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ရတာလို့ စစ်ကိုင်းတိုင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အချို့ပြောကြား

လာမယ့် ရွေးကောက်ပွဲအတွက် NLD ပါတီက လက်ရှိ လွှတ်တော်ကိုယ်စားလှယ် တစ်ချို့ကို ပြန်လည်မရွေးချယ်ခဲ့ပါဘူး။ ပါတီက မရွေးခဲ့ပေမယ့် ဒေသခံ မဲဆန္ဒရှင် ပြည်သူတွေက တောင်းဆိုလို့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်၀င်ရောက် အရွေးခံရတာဖြစ်တယ်လို့ လက်ရှိတိုင်းလွှတ်တော်က တစ်သီးပုဂ္ဂလ ပြိုင်ကြမယ့် ကိုယ်စားလှယ်တစ်ချို့က ပြောပါတယ်။

ကိုယ်စားလှယ်တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းတွေကို လက်ရှိလွှတ်တော်သက်တမ်းမှာ မေးမြန်းခဲ့သလို တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအနေနဲ့ ပြန်လည် ယှဉ်ပြိုင်တာဟာလည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆက်လက် လုပ်‌ဆောင်ပေးချင်တာကြောင့် ဖြစ်တယ်လို့ မော်လိုက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)က လက်ရှိ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်း ကလည်း ပြောပါတယ်။

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်တဲ့အတွက် ကိုယ်ယုံကြည်ရာ နိုင်ငံရေးကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ ဆားလင်းကြီး မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ တက်ရောက်နေတဲ့ NLD ကိုယ်စားလှယ်တွေထဲက ၂၀၂၀ ရွေးကောက်ပွဲအတွက်  ပါတီကနေ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည် ရွေးချယ်မခံရတဲ့ ကိုယ်စားလှယ် ( ၁၀) ယောက်ကျော်ရှိပါတယ်။ ဒီထဲကမှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအနေနဲ့ တိုင်းလွှတ်တော်မဲဆန္ဒနယ်မှာ ပြန်လည်ယှဉ်ပြိုင် အရွေးခံမယ့် ကိုယ်စားလှယ်လောင်း (၃) ယောက်ရှိပြီး ရွေးကောက်ပွဲကာလ ပြိုင်ဆိုင်မှုတွေကိုတော့ စောင့်ကြည့်သွားရမယ့် အနေအထားမှာ ရှိနေပါတယ်။

error: Content is protected !!