Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းတွင် နှာခေါင်းစည်းမတပ်လို့ အရေးယူထားတဲ့အမှုပေါင်း (၃၇၀၀) ကျော်ရှိ

စစ်ကိုင်းတိုင်းတွင် နှာခေါင်းစည်းမတပ်လို့ အရေးယူထားတဲ့အမှုပေါင်း (၃၇၀၀) ကျော်ရှိ

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ကိုင်းတိုင်းဒေသကြီးအတွင်းမှာ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်လို့ အရေးယူတဲ့အမှုပေါင်း (၃၇၀၀) ကျော်ရှိသွားပြီဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တရား၀င် Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အပြင်ထွက်တဲ့အခါတိုင်း နှာခေါင်းစည်း (Mask) တပ်ကြဖို့ ပြီးခဲ့တဲ့ မေလ (၁၀) ရက်နေ့ကနေ (၂၄) ရက်နေ့အထိ အသိပညာပေးလုပ်ငန်းတွေ မြို့နယ်တိုင်းမှာ ဆောင်ရွက်ခဲ့ပြီး (၂၅) ရက်နေ့ကနေ ဒီကနေ့အထိ ဖမ်းဆီးအရေးယူမှုပေါင်း (၃၇၂၂) မှုရှိခဲ့ပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် ၃၇ မြို့နယ်က နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်သွားလာသူတွေကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေ ပုဒ်မ-၁၅ အရ အရေးယူ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အရေးယူခံရသူတွေထဲမှာ အမျိုးသား (၃၀၁၉) ဦးနှင့် အမျိုးသမီး (၉၉၈) ဦးရှိပြီး စုစုပေါင်း (၄၀၁၇) ဦးရှိခဲ့ပြီဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!