Home > သတင်း > မှုခင်း > ကျပ်သိန်း(၃၇၀)ကျော် လိမ်လည်တောင်း ယူခဲ့တဲ့ အုပ်ချုပ်ရေးမှူးကို ဖမ်းဆီး။

ကျပ်သိန်း(၃၇၀)ကျော် လိမ်လည်တောင်း ယူခဲ့တဲ့ အုပ်ချုပ်ရေးမှူးကို ဖမ်းဆီး။

အဆောက်အဦးဆောက်လုပ်ခွင့် ဆိုင်းဘုတ်နဲ့ ဘဏ်ငွေသွင်းချလံအတုပြုလုပ်ပြီးကျပ်ငွေ သိန်း(၃၇၀)ကျော် လိမ်လည်တောင်းယူခဲ့တဲ့ စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက်ကအုပ်ချုပ်ရေးမှူးကို ဩဂုတ်လ(၁၁)ရက် ည(၁၀)နာရီ၀န်ကျင်းက ဖမ်းဆီးခဲ့တယ်လို့ စစ်ကိုင်းမြို့မ ရဲစခန်းက သိရပါတယ်။စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်သိန်းဟာ အမည်မသိအရပ်သား(၂)ဦးကို စည်ပင်သာယာ၀န်ထမ်းယောင်ဆောင်ခိုင်းပြီး ပတ္တမြားရပ်ကွက်၊အမှတ်(၈)လမ်းမကြီးဘေးမှာ ဆောက်လုပ်နေတဲ့ အဆောက်အဦးကိုစည်ပင်သာယာရဲ့အဆောက်ဦးဆောက်လုပ်ခွင့် ဆိုင်းဘုတ်နဲ့ ဘဏ်ငွေသွင်းချလံအတုပြုလုပ်ပြီးကျပ်ငွေသိန်း (၃၇၄၅၀၀၀၀) လိမ်လည်တောင်းယူခဲ့ကြောင်း စစ်ကိုင်းမြို့ စည်ပင်သာယာရေးကော်မတီက ဩဂုတ်လ(၆)ရက်နေ့မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။စည်ပင်သာယာရဲ့ဆောက်လုပ်ခွင့် ဆိုင်းဘုတ်နဲ့ ဘဏ်ငွေသွင်းချလံအတုပြုလုပ်ပြီးငွေကြေးလိမ်လည်တောင်းယူခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်ကိုင်းမြို့စည်ပင်ဥက္ကဌက အရေးယူပေးဖို့ စစ်ကိုင်းမြို့မရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ငွေကြေးလိမ်လည်တောင်းယူခဲ့တဲ့စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်သိန်းကို စစ်ကိုင်းမြို့မရဲစခန်းက ဖမ်းဆီးပြီး စည်ပင်သာယာရေး၀န်ထမ်းအယောင်ဆောင်ခဲ့တဲ့ အမည်မသိအရပ်သား(၂)ဦးကို ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ဒါ့အပြင် တရားလိုသက်သေစစ်ဆေးတာတွေ၊သက်သေခံရွက်စာတမ်းသိမ်းဆည်းတာတွေကို လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

#အုပ်ချုပ်ရေးမှုး#အလွဲသုံးစား#ပတ္တမြားရပ်ကွက်#စစ်ကိုင်း#မျက်မှောက်ခေတ္

error: Content is protected !!