Home > သတင်း > စစ်ရေး > ပုလဲနယ်နဲ့ယင်းမာပင်နယ်မှာ စစ်ကြောင်းသုံးခုခွဲထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရ

ပုလဲနယ်နဲ့ယင်းမာပင်နယ်မှာ စစ်ကြောင်းသုံးခုခွဲထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ယင်းမာပင်မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်က ဧပြီလ ၈ ရက် နေ့လည်ပိုင်းမှာ စစ်ကြောင်းသုံးကြောင်း ထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လည်ပိုင်းမှာ ပုလဲနယ်နဲ့ ယင်းမာပင်မြို့နယ်တွေကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့သေးတယ်လို့ဆိုပါတယ်။

“စစ်ကြောင်းသုံးခုခွဲထိုးနေတယ် ။ ပုလဲမြောက်ဘက် လက်တောင်းကြီးမှာ အင်အား ၃၀၀ လောက်ရှိတဲ့ စစ်ကြောင်းတခု ၊ ယင်းမာပင်နယ် ငါမောင်းရွာမှာ အင်အား ၂၀၀ ကျော်လောက်ရှိတယ် ။ယင်းမာပင်မြို့အနီးမှာ ထပ်ထွက်မယ့် စစ်အင်အားတွေရှိသေးတယ်။ လေကြောင်းပစ်ကူလည်းရှိတယ် ” လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ပုလဲမြို့မြောက်ဘက်မှာရှိတဲ့ လက်တောင်းကြီးအနီးကို ဒီကနေ့ လေကြောင်းနဲ့တိုက်ခိုက်ခဲ့သလို ယင်းမာပင်မြို့နယ် လည်ငေါက်ရွာကိုလည်း စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကော်မရှင်စစ်ကြောင်းကြောင့် ပုလဲနယ် အလယ်ဘုံ ၊ လက်တောင်းကြီး ၊ ယင်းမာပင်နယ် ငါမောင်း ၊ တမာပင် စတဲ့ရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

error: Content is protected !!