စစ်ကိုင်းတိုင်း၊ ပေါက်မြို့နယ်က ရွာနှစ်ရွာကို ၁၀ကြိမ်ထက်မနည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက မျက်မှောက်ခေတ်ကို ပြောပါတယ်။
ဖလန်ကိုင်ရွာနဲ့ ကံသစ်ရွာတွေမှာ ဧပြီလ ၄ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
“ပထမကြဲတဲ့ လေကြောင်းက သေဆုံးထိခိုက်တွေများတယ်။ ပျောက်ဆုံးတာတွေလည်းရှိနေတော့ စိစစ်နေတုန်းပဲ”မကွေးတိုင်းတော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
လူနေအိမ်အချို့ပါ ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။
ပေါက်မြို့နယ်အတွင်းက တခြားနေရာ တွေကိုလည်း စစ်ကော်မရှင်တပ်က ဒီကနေ့ ဧပြီလ ၄ ရက်နေ့ နေ့လည်ပိုင်းမှာ ခတ်စိပ်စိပ် လေကြောင်းတိုက်ခိုက်ခဲ့တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၂ ရက်နေ့ကလည်း ပေါက်မြို့နယ်မြောက်ခြမ်းလေကြောင်းတိုက်ခိုက်ခံမှုမှာ လူနေအိမ်နှစ်လုံး မီးလောင်ခဲ့ရသလို အရပ်သားနှစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။
ပုံစာ – ဧပြီလ ၂ရက်က ပေါက်မြို့နယ်မြောက်ပိုင်းမှာလေကြောင်းတိုက်ခိုက်ခံရပြီး ပျက်စီးသွားတဲ့ကား။(ဓာတ်ပုံ – ပုံဟောင်း)






