စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ပင်တဲ ရွာအနီးကို စစ်တပ်က မတ်လ ၂၃ ရက် ညနေ ၆နာရီ ၀န်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ တစ်ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနဦး သိရပါတယ်။
မုံရွာနယ် အရှေ့ခြမ်း ညောင်ပင်တဲကျေးရွာအနီး ကြက်သွန်တူးဖော်နေကြတဲ့ ပြည်သူတွေကိုန၊မ၊ခ တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃စီးက ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ထိတာက ၇ ယောက် ယောက်ျား သက်ကြီးပိုင်းတစ်ယောက်က ဆုံးသွားပြီ၊ ကလေးတစ်ယောက်လည်းပါတယ် ထိတဲ့အထဲမှာက၊မိန်းကလေး ၂ ယောက်၊ ယောက်ျား လေး ၄ ယောက် ထိထားတယ်၊ယောက်ျားလေးတစ်ယောက်ကလည်း အခြေနေ မကောင်းဘူး” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာအနီး၀န်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိ သလို တော်လှန်ရေးတပ်ဖွဲ့တွေ တပ်စွဲနေထိုင်တာမျိုးလည်းမရှိဘဲ သာမန်တောင်သူတွေ ကြက်သွန်တူးဖော်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
ပုံအညွှန်း- အာဏာသိမ်းစစ်တပ် အသုံးပြုနေသည့် ဂျိုင်ရိုကော်ပတာ။ (ဓာတ်ပုံ -ပုံဟောင်း)






