Home > သတင်း > ဒေသတွင်းသတင်း > ပုလဲမြို့နယ်မှာ ဒရုန်းနဲ့ မီးလောင်ဗုံးချတိုက်ခိုက်ခံရ၊ လူနေအိမ် ၃၀ ကျော်ထက်မနည်း ပျက်စီး

ပုလဲမြို့နယ်မှာ ဒရုန်းနဲ့ မီးလောင်ဗုံးချတိုက်ခိုက်ခံရ၊ လူနေအိမ် ၃၀ ကျော်ထက်မနည်း ပျက်စီး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံသွင်ရွာကို စစ်ကော်မရှင်တပ်က ဒီကနေ့မတ်လ ၂၃ ရက်နေ့ နံနက် အစောပိုင်းအချိန်မှာ ဒရုန်းနဲ့ မီးလောင်ဗုံးချတိုက်ခိုက်သွားတယ်လို့ ဒေသခံကပြောပါတယ်။
မီးလောင်ဗုံးနဲ့တိုက်ခိုက်ခံရလို့ လူနေအိမ် ၃၀ ကျော် ထက်မနည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
“မနေ့ညက ဒရုန်းနဲ့ မီးလောင်ဗုံးကြဲသွားတာ။ အိမ်ခြေသုံးဆယ်ကျော်လောက်မီးလောင်ပျက်စီးသွားတယ်။ ပထမတစ်ကြိမ်တုန်းကတော့ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲလို့ လူနေအိမ်သုံးလုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သေးတယ်။ ဒါရောဆို နှစ်ကြိမ်ရှိသွားပြီ” လို့ ပုလဲမြို့နယ်ဒေသခံတဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်က ပုလဲမြို့နယ် မုံသွင်ရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒရုန်းဗုံးသီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ လူနေအိမ်တွေ မီးလောင်ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
အင်အာရာချီပါ စစ်ကော်မရှင်စစ်ကြောင်းဟာ ပုလဲမြို့နယ် ချင်ပြစ်ရွာကို တပ်စွဲနေရာယူထားတာ လနဲ့ချီရှိနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာတွေရှိနေသေးတယ်လို့ ဒေသခံကပြောပါတယ်။
ဒါ့အပြင် ပုလဲမြို့နယ် မုံသွင် – ချင်ပြစ်တကျောကို စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ အဆက်မပြတ် တိုက်ခိုက်ခဲ့တာတွေရှိခဲ့သေးတယ်လို့ သိရပါတယ်။
ပုံအညွှန်း – မုံသွင်ရွာကို စစ်ကော်မရှင်တပ်က ဒီကနေ့မတ်လ ၂၃ ရက်မှာ မီးလောင်ဗုံးချတိုက်ခိုက်ခံရတဲ့နေရာ။ (ဓာတ်ပုံ – အညာမြေပုလဲ)

error: Content is protected !!