Home > သတင်း > စစ်ရေး > အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၁ ဦးကို လက်နက်နဲ့အတူ Kalay UG ဖမ်းဆီး

အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၁ ဦးကို လက်နက်နဲ့အတူ Kalay UG ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် တောင်ပိုင်းမှာ မတ်လ ၅ ရက်နေ့က အာဏာသိမ်းစစ်တပ် တပ်သား ၁ ဦးကို လက်နက်နဲ့အတူ ဖမ်းဆည်းရမိခဲ့တယ်လို့ Kalay Urban Guerilla(Kaly UG) က ဒီကနေ့ မတ် ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က တပ်သားကို MA1 ၁လက်၊ ကျည်ဘောက် ၄ဘောက်၊ 5.56 ကျည်၇၅ တောင့်အတူတို့နှင့်အတူ အရှင်ဖမ်းစီးရမိခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ကလေးမြို့တောင်ဘက် လေးမိုင်အကွာ ချင်းဆိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် တပ်သား အောင်စိန်သောင်းဟာ မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲပြီး ဆေးကြောင်ကာ လမ်းမှားလာတာမှာ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ Kalay UG ရဲဘော်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ဖမ်းဆီးရမိတဲ့ အကြမ်းဖက် စကမတပ်သား အောင်စိန်သောင်း အား နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့်အညီ စစ်ဆေး၍ ထိန်းသိမ်းဆောင်ရွက်သွား” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Kalay UG အဖွဲ့ဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ ကျစ်လျစ်သိုသိပ်စွာ ပါဝင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးထိရောက်တဲ့ စစ်ရေးဖော်ဆောင်မှုတွေကို ပါဝင်လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်တယ်လို့ ကလေးဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

error: Content is protected !!