Home > သတင်း > စစ်ရေး > ပုလဲမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံး

ပုလဲမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြောက်ပိတောက်ကုန်းရွာကို စစ်ကော်မရှင်တပ်က ဒီကနေ့ မတ်လ ၄ ရက် နေ့လည်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လေဖြတ်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၀ အရွယ်ရှိ အမျိုးသားတစ်ဦးတို့ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
“မြောက်ပိတောက်ကုန်းရွာထဲ ဗုံးကြဲခံရတာ။ လေဖြတ်ထားတဲ့အမျိုးသမီးတစ်ယောက်သေတယ်။ပြီးတော့ အဖိုးအိုတစ်ယောက်သေတယ်။ နေအိမ်ခြောက်လုံး ဗုံးဒဏ်ကြောင့် မီးလောင်ပြာကျသွားတယ် ” လို့ ပုလဲမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစလို့ မတ်လ ၄ ရက်နေ့အထိ ပုလဲမြို့နယ်အတွင်းက နေရာအချို့ကို ခတ်စိပ်စိပ် လေကြောင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပုလဲမြို့နယ်အတွင်းက ရွာတွေကို အင်အားရာချီအသုံးပြုပြီး စစ်ကြောင်းပတ်ထိုးနေတာကြောင့် နှစ်ဖက်ထိတွေ့မှုတွေဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရပါတယ်။
Photo credit

error: Content is protected !!