Home > သတင်း > ဒေသတွင်းသတင်း > ကလေးမြို့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ပြည်သူတွေ ပါဝင်ခြင်းမရှိ

ကလေးမြို့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ပြည်သူတွေ ပါဝင်ခြင်းမရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ ပူးပေါင်းပါဝင်းခြင်းမရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကလေးမြို့ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် တစ်မြို့လုံးနီးပါး လူတွေလမ်းပေါ်မထွက်ကြဘဲ မြို့မှာ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကလေးမြို့မှာ ရပ်ကွက်ပေါင်း ၂၀ ရှိတဲ့အနက် ရပ်ကွက် ၈ ခုတွင်သာ ရွေးကောက်ပွဲကျင်းပနိုင်မှာဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ထားပါတယ်။ စစ်တပ်ကရွေးကောက်ပွဲပြုလုပ်တဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ တစ်မြို့လုံးနီးပါး လူသူကင်းမဲ့ကာ အသံတိတ်နေကြတာဖြစ်ပါတယ်။
Credit photo.

error: Content is protected !!