“အညာဟာ အညာခံထားရတယ်”
တကယ်တော့အညာဟာ
အညာခံထားရတာကြာပါပြီ။
ခေတ်အဆက်ဆက်
အစိုးရအဆက်ဆက်
အညာကို ညာခဲ့ကျတာပါ။
အညာသူ အညာသားတွေဟာ
နိုင်ငံရေးနားမလည်ပါဘူး။
ဒါပေမဲ့ဓမ္မနဲ့အဓမ္မကိုတော့
ကောင်းကောင်းခွဲခြားတက်တယ်။
ဒါကြောင့်ခေတ်အဆက်ဆက်
အမှန်တရားဘက်က
ရပ်တည်ခဲ့တာ ဒီအညာပဲ။
၂၀၂၁စစ်တပ်အာဏာသိမ်းတော့လဲ
အသားမည်းမည်းအညာသားအညာသူတွေဟာ
ကိုဝမ်းစာကိုရှာစားလို့အေးဆေးမနေနိုင်ခဲ့ပါဘူး။
မတရားအာဏာရူးတဲ့ကောင်ကို
ရရာလက်နက်နဲ့ဆွဲကိုင်တော်လှန်ခဲ့တာပါပဲ။
ယခုထိလဲတော်လှန်နေဆဲပါပဲ
ရိုးအတဲ့အညာသားအညာသူတွေဟာ
ခံပြင်းစိတ်ပဲရှိတာပါ။
သူတို့မှာနိုင်ငံရေးပရိယာယ်တွေ
နိုင်ငံရေးကစားကွက်တွေ
ဒါတွေသူတို့မသိဘူး။
သူတို့သိတာ တိုင်းပြည်အေးချမ်းဖို့ပဲ
သူတို့ကတော့သူတို့ကိုဖိနှိပ်သူ
မည်သူ့ကိုမဆိုတော်လှန်မှာပဲ။
ပေါ်ပြူလစ်နိုင်ငံရေးသမားတွေရဲ့
မစားရဝခမန်းနိုင်ငံရေးလေသံတွေကိုလဲ
သူတို့မယုံရဲတော့ဘူး
အညာဟာအညာမခံရအောင်
ကြိုးစားနေပြီ။
အညာဟာမီးဒဏ်လဲခံခဲ့ရပြီးပြီ
စနစ်ဆိုးတစ်ခုရဲ့အောက်က
ရုန်းထွက်ဖို့အညာဟာ
တက်ကုန်ဖွင့်လို့
ရွက်ကုန်လွှင့်နေပြီ။
စစ်မှန်တဲ့နိုင်ငံရေးဦးဆောင်မှုပေနိုင်မဲ့
အညာကိုမညာမဲ့ လုံးဝရွှီးရှောင်မလုပ်မဲ့
ရီးရဲလ်လစ်ဇင်ခေါင်းဆောင်းကောင်းတွေ
ပေါ်ထွက်လာဖို့အချိန်ကျနေပြီ။
အညာဟာ နောက်တစ်ခါ
အညာမခံရသင့်တော့ဘူး။
မင်းသူအောင် (james bond Gurella force)
(မျက်မှောက်ခေတ် ကဗျာကဏ္ဍ)