အညာဒေသရဲ့ အရပ်ဇာတ်(၄)
မောင်ဧက
(မျက်မှောက်ခေတ်)
အညာဒေသရဲ့ အဇာတ်ပွဲ အဖွင့်ဖြစ်တဲ့ အပျိုတော်ထွက်ချိန်မှာ အရပ်သူ၊အရပ်သားတွေရဲ့ ကကွက်ညီညာမှုမရှိပေမယ့် မြန်မာဆိုင်းရော၊ခေတ်ပေါ်တီးလုံးတွေ ပါ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ ကပြဖျော်ပြေကြပါတယ်။
အရပ်ဇာတ်ပွဲခေါင်းဆောင်က ဇာတ်ခုံဒေါင့် ကနေနောက်လာမယ့်အစီစဉ်တွေအတွက် ကြိုတ
င်စီစဉ် နေပါတယ်။
ဒါကို အရပ်ဇာတ်အဖွင့်ဖြစ်တဲ့ အပျိုတော်ကပြဖျော်ဖြေတာကြည့်နေကြတဲ့ပွဲကြည့်ပရိတ်သတ်တွေ သတိထားမိသူ မရှိသလောက်ပါပဲ။
ကိုယ့်ရဲ့အရပ်ဇာတ်ပွဲကို အာရုံထားပြီး အစီစဉ်မလွဲရအောင်၊ပွဲကတာကိုစောင့်ကြည့်နေကြတဲ့အရပ်ဇာတ်ပွဲကြည့်သူတွေ ငြိုငြင်တာ မဖြစ်ရလေအောင် ဇာတ်ခုံနောက်ကွယ်ကနေ စီစဉ်ညွှန်ကြားနေတာပါ။
တခါတလေတော့ ဘေးမှာချထားတဲ့ပုလင်းထဲကသောက်စရာတစ်ခုကို ခွက်လေးထဲထည့်ပြီးမော့တတ်ပါသေးတယ်။
အရပ်ဇာတ်ကပွဲဖျော်ဖြေတဲ့ အချိန်ရောက်ခါမှဇာတ် ခုံဒေါင့်ကနေ လက်တမြှောက်မြှောက် နဲ့ကပ်ပျော်ချင်သူတွေတောင် သောက်စားပြီးနေကြတာ မြင်နေရမှတော့ အရပ်ဇာတ်ပွဲခေါင်းဆောင်ကြီးအမောပြေ ခွက်လေးမော့နေတကိုပွဲကြည့်သူတွေက အပြစ်တင်ကြမယ်မထင်ပါဘူး။
“သူလည်း ပွဲစီစဉ်ရတာ ပင်ပန်းရှာမှာပဲလေ”အရပ်ဇာတ်ပွဲအဖွင့်ရဲ့ အပျိုတော်တွေ ကကြဖျော်ဖြေပြီးချိန်မှာတော့”မြန်မာသံစဉ် တေးဂီတ”အစီအစဉ်နဲ့ ဖျော်ဖြေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်လို့ အရပ်ဇာတ်ပွဲ ခေါင်းဆောင်က မိုက်ကရိုဖုန်းကတဆင့် ကြေငြာလိုက်ချိန်မှာ ပွဲကြည့်နေသူတွေက လက်ခုတ်သံတသောသော နဲ့ အားပေးကြသလို “မြန်မာစံစဉ် တေးဂီတ အစီစဉ်”မှာ ဘယ်သူတွေက ဘယ်လို သီဆို
ဖျော်ဖြေကြမလဲဆိုတာကို လည်တမော့မော့နဲ့
စောင့် မျှော်နေကြပါတယ်။
အညာဒေသရဲ့ အရပ်ဇာတ်ကပွဲက “မြန်မာစံစဉ် တေးဂီတ အစီစဉ်”မှာ အညာသူ၊ အညာသားတွေက ဘယ်သီချင်းတွေ နဲ့ သီဆိုဖျော်ဖြေပေးကြလိမ့်မယ်ဆိုတာကို ပွဲကြည့်သူတွေခန့်မှန်းပေးခဲ့စေချင်ပါတယ်။
#မောင်ဧက