ညီညွတ်မှ၊ စုစည်းမှ ရည်မှန်းချက် ပန်းတိုင်ရောက်မယ်
ရဲဘော်ယောလေး
(မျက်မှောက်ခေတ် ဆောင်းပါး)
အလုပ်ဟူသည် ကြိုးစားအားထုတ်ရသည်ချည်းပါ။ Nothing is free ဆိုတာလို ဘယ်အရာမှ လွယ်လွယ်မရပါ။
ကျွန်တော်တို့ လုပ်နေကြတဲ့ တော်လှန်ရေးဆိုတာ ခက်ခဲမှု၊ ပင်ပန်းမှု၊ ဆင်းရဲမှုတွေက ပြောမကုန်နိုင်အောင်ပါပဲ။ ဒီခက်ခဲပင်ပန်းမှု၊ ဆင်းရဲမှုတွေက အများအားဖြင့် ကိုယ်တိုင်ရွေးချယ်ထားကြတာဖြစ်ပြီး လိုလိုလားလား ပါဝင်နေကြတာ ဖြစ်ပါတယ်။
သို့သော် အချိန်ကြာလာတာနဲ့အမျှ မူလက ရှိခဲ့ကြတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတွေ တဖြည်းဖြည်းလျော့နည်းလာတတ်ကြတယ်။ အထူးသဖြင့် ကြိုးစားအားထုတ်မှု လျော့နည်းလာတာကို တွေ့ရတတ်တယ်။
ကိုယ်ရွေးချယ်တဲ့ အလုပ်အပေါ်မှာ တာဝန်တွေ ပျက်ကွက်လာတတ်ကြတယ်။ ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုသော်လည်း မူလစိတ်အခံတွေ ပျောက်ပြီး ငြီးငြူတတ်လာကာ ရည်မှန်းချက်တွေ ဝေဝါးလာတတ်တာကို မြင်တွေ့ရတယ်။
ဘယ်လိုကိစ္စ အခြေအနေမျိုးဖြစ်စေ ကျွန်တော်တို့ရဲ့ လက်ရှိ ပင်ပန်း ဆင်ရဲမှု ဒုက္ခတွေက နောင်တချိန် လူလိုသူလိုရှင်သန်ဖို့အတွက်ဖြစ်တယ်ဆိုတဲ့ စိတ်တွေကို ပြန်သတိရပြီး ရှေ့ဆက်ကြဖို့လိုပါတယ်။
လက်ရှိအခြေအနေမှန်ကို ပြန်သုံးသပ်ကြည့်ရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်က လမ်းစပေါ်တဲ့ အဆင့်သာရှိပါသေးတယ်။
ရောက်ဖို့အဝေးကြီးကျန်နေသေးတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ကြုံတွေ့ဆဲ ကြုံတွေ့လတ္တံ့သော ပင်ပန်းဆင်းရဲမှု ဒုက္ခ အခက်အခဲတွေကို တွဲလက်ညီညီနဲ့ အတူတကွ ပူးပေါင်းဖြေရှင်းသွားမယ်ဆိုရငရည်ရွယ်ချက် ရည်မှန်းချက် ပန်းတိုင်တွေဆိုတာ မလွဲမသွေ ရောက်ရှိလာမှာပါ။
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင် ပြောခဲ့သလို စိတ်ဓာတ်မကျိုးပဲ့စေနဲ့၊ စုဖွဲ့မှု မကျိုးပဲ့စေနဲ့၊ ကျန်းမာရေး မကျိုးပဲ့စေနဲ့ လို့ပဲ ထပ်လောင်း ပြောဆိုပါရစေဗျာ။
#ညီညွတ်မှု _သွေးစည်းမှုဖြင့် ရှေ့ဆက်ကြပါစို့
#စည်းလုံးစုစည်းမှုဖြင့် အောင်မြင်မှုကို အရယူကြပါစို့ လိုရည်မှန်းချက် ရည်ရွယ်ချက် ပန်းတိုင်တူသူများကို တိုက်တွန်းလိုပါတယ်။
#ရဲဘော်ယောလေး