Home > Uncategorized > ဖတ်ရှုခံစားခြင်း

ဖတ်ရှုခံစားခြင်း

ဖတ်ရှုခံစားခြင်း

ထိုထိုသောလူတွေ

လွှားအောင်(စစ်ကိုင်း)

ပြောတတ်သလိုပဲပြောပါမယ်။ လူ့စရိုက်ကိုဖွဲ့တဲ့နေရာ ဆရာ့ကိုဘယ်သူမီနိုင်မလဲ ဆရာကလူတစ်ယောက်အကြောင်းပြောပါသည်။ထိုသူက ယုန်နဲ့လည်းအတူပြေးဖူးသလို ခွေးနဲ့လည်းအတူလိုက်ပြန်၏။

သူသည်ဘက်မရှိ ပြောင်းလဲနေသူ တစ်ချိန်တစ်ခါက ကွန်မြူနစ်ဖြစ်ဖူး၏ တောခိုဖူး၏ နောက်တစ်ခါ အရင်းရှင်အမြတ်ကြီးစား ယခုခေတ်လိုဆို ခရိုနီဖြစ်နေပြန်၏။

ယုံကြည်ချက်အတွက်ထောင်ကျဖူး၏  တောထဲမှာစစ်တိုက်ရင်းရိက္ခာပြတ်တဲ့အခါ သူကပင်အငတ်ခံနေကာတစ်ခြားသူတွေကိုကျွေးခဲ့ဖူး၏။ကလေးလေးတစ်ယောက်ကိုဘွဲ့ရထိတိုင်ကူညီဖူး၏ မရှိဆင်းရဲသူတို့ရဲ့လုပ်အားကို ဂုတ်သွေးစုပ်ဖူး၏ မုဒိန်းမှုနဲ့ထောင်ကျလုဆဲ အာဏာပိုင်တို့နဲ့ပနံရကာ အမှုမှလွတ်ခဲ့ဖူး၏။

တစ်ချိန်က စားစရာနေစရာမရှိအောင်ဆင်းရဲ့ခဲ့ဖူး၏ နောင်တစ်ခါမြန်မာပြည်ရဲ့ အချမ်းသာဆုံးသူဌေးစာရင်းထဲမှာ သူပါနေပြန်၏။

လူသည်အမြဲကောင်းနေနိုင်ပါ၏လောအမြဲဆိုးနေနိုင်ပါ၏လောမှန်းရခက်သည်ကား လူ့စိတ်ပင်။တစ်နေရာမှာကောင်းနေပေမဲ့ တစ်နေရာမှာကမ်းကုန်အောင်ဆိုးနေပြန်၏။ ထိုထိုသောလူတွေကိုအခုခေတ်မှာလည်းမြင်နေပြန်၏။

-ယုန်နဲ့အတူပြေးခွေးနဲ့အတူလိုက်
-မောင်သာရ

#လွှားအောင်(စစ်ကိုင်း)

error: Content is protected !!