Home > Uncategorized > ဖတ်ရှုခံစားခြင်း

ဖတ်ရှုခံစားခြင်း

ဖတ်ရှုခံစားခြင်း

တော်သူတွေရဲ့ ငယ်ဘဝဇာတ်ကြောင်း

လွှားအောင်(စစ်ကိုင်း)

လူတယောက် တစ်စုံတစ်ခုဖြစ်လာဖို့အရေးမှာ ဩဇာသက်ရောက္မှုတွေက မိဘ၊ဆရာ၊စာအုပ်၊သူငယ်ချင်း၊အတွေးခေါ်၊ဆန့်ကျင်ဘက်လိင် နဲ့ သဘာ၀ပတ်၀န်းကျင်လို့ဆိုပါတယ်။

လူတော်တစ်ယောက်ဖြစ်လာဖို့ ငယ်ဘ၀ ဘယ်လိုပတ်၀န်းကျင်မျိုးရခဲ့လဲ အတ္ထုပ္ပတ္တိသဘောမျိုးရေးထားတဲ့ သိပ္ပံပညာရှင်တွေရဲ့ငယ်ဘ၀အကြောင်း အက်ဆေးတွေပါ။

အကြီးမားဆုံး ထူးခြားချက်က သူတို့ငယ်ဘ၀မှာစာတွေအများကြီးဖတ်ကြတယ်ဆိုတာပါပဲ ပညာရှင်တစ်ယောက်ဆို ငယ်ကဖတ်ခဲ့တဲ့ ရုပ်ပြတစ်အုပ်က သူသိပ္ပံပညာရှင်ဖြစ်လာစေဖို့ အတော်လွှမ်းမိုးခဲ့ပါသတဲ့ သူက ငယ်ရွယ်တဲ့အရွယ်မှာ စာခိုးဖတ်တဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်လို့ဆိုတယ်။

မိဘတွေရဲ့ အားပေးထောက်ပံ့မှုကလည်း ကလေးတစ်ယောက် တစ်စုံတစ်ခုမှာချွန်လာဖို့ အရေးပါတဲ့အရာဖြစ်နေတာလည်းတွေ့ရတယ်။

ငယ်ဘ၀သူတို့ကြုံရတဲ့ အလှည့်အပြောင်းလေးတွေက သူတို့ဘ၀လမ်းကြောင်းပြောင်းအောင် ဘယ်လိုလုပ်ခဲ့လဲ အတော်များများက ငယ်ငယ်က ဘာဖြစ်ချင်းမှန်းမသိတဲ့ သူတွေပါပဲ ဘ၀မှာကြုံလာရတဲ့ အလှည့်အချိုးလေးတွေမှာ သူတို့၀ါသနာနဲ့ လုပ်ချင်တာကို တွေ့သွားကြတာပါ။

ဘာဖြစ်ချင်မှန်းမသိတဲ့ လူငယ်တွေ အားမငယ်ဖို့ ၀ါသနာကို အလုပ်လုပ်ရင်းတွေ့မှာပါလို့ အားပေးနေသလိုပါပဲ။ဒီစာအုပ်ထဲမှာပါတဲ့ သိပ္ပံပညာရှင်တွေက ကမ္ဘာကျော်တွေ ပညာရပ်ဆိုင်ရာ စာအုပ်ပေါင်းများစွာရေးခဲ့ကြသူတွေဖြစ်ပါတယ်။ဘ၀ကိုပျိုးထောင်နေကြတဲ့ လူငယ်လူရွယ်တွေ မိဘတွေ ဆရာတွေ ဖတ်သင့်တဲ့စာအုပ်ပဲဖြစ်ပါတယ်။

-တော်သူတို့၏ငယ်ဘ၀ဇာတ်ကြောင်းများ
-ကိုတာ
-မုံရွေးစာအုပ်တိုက်

#လွှားအောင်(စစ်ကိုင်း)

error: Content is protected !!