Home > သတင်း > တိုင်းရင်းသားကဏ္ဍ > အစိုးရသစ်ကို ကြိုဆိုတဲ့အနေနဲ့ ခန္တီးတွင် စုပေါင်းအမှိုက်ကောက်

အစိုးရသစ်ကို ကြိုဆိုတဲ့အနေနဲ့ ခန္တီးတွင် စုပေါင်းအမှိုက်ကောက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ခန္တီးမြို့တွင် အစိုးရသစ်ကြိုဆိုတဲ့အနေနဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက စုပေါင်းအမှိုက်ကောက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ ခန္တီးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီး ကမ်းနားလမ်းတလျှောက်မှာ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ အမှိုက်တွေကို ကောက်ယူခဲ့ပြီး ရှင်းလင်းခဲ့ကြတာပါ။

“အခုကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဦးဆောင်ပြီး အစိုးရသစ်ကြိုဆိုတဲ့အနေနဲ့ရော ခန္တီးမြို့ ကမ်းနားလမ်းသန့်ရှင်းသာယာလှပရေးအတွက်ကော အမှိုက်ကောက်ခဲ့တာဖြစ်ပါတယ်။”လို့ ခန္တီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးဆေးခိုပေါင်က ပြောပါတယ်။

ခန္တီးမြို့ပြည်သူတွေ အမှိုက်တွေ စနစ်တကျ စွန့်ပစ်ဖို့လိုတယ်။ ကိုယ့်မြို့သာယာလှပဖို့ ဆို အဲဒီမှာရှိတဲ့ပြည်သူတွေ ဝိုင်းဝန်းပြီးမှ လုပ်ဆောင်မှရမယ့်အတွက် စနစ်တကျ အမှိုက်စွန့်ပစ်စေရေး၊ သန့်ရှင်းသာယာလှပရေးတို့ကို ရည်ရွယ်လုပ်ဆောင်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အမှိုက်ကောက်ယူတာတွေကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် NLD အစိုးစတက်လာစအချိန်တွေကလည်း မြို့နယ်တိုင်းမှာ ပြုလုပ်ခဲ့ဖူးပါတယ်။

ခန္တီးမာန်

error: Content is protected !!