Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်ပိုးတွေ့မြို့နယ် ၃၀ ထိရှိလာ

စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်ပိုးတွေ့မြို့နယ် ၃၀ ထိရှိလာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလကနေ တကျော့ပြန်ကူးစက်လာတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် တိုင်းအတွင်း မြို့နယ် ၃၇ မြို့နယ်မှာ မြို့နယ်ပေါင်း ၃၀ ထိ ကူးစက်ခံနေရပြီဖြစ်ပါတယ်။ အစိုးရအဖွဲ့က ဒီဇင်ဘာ (၅)ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ သတင်းတွေအရ တိုင်းအတွင်း ပိုးတွေ့လူနာ (၉၅၇) ဦး၊ ဆေးရုံဆင်း (၆၇၆) ဦးနှင့် ကုသဆဲ (၂၇၉) ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ပင်လည်ဘူးမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့တွင် ကိုဗစ်ပိုးကူးစက်မှု မရှိသေးပါဘူး။ ပိုးတွေ့လူနာအများစုကိုတော့ ကလေးမြို့နှင့် စစ်ကိုင်းမြို့တို့မှာ အများဆုံးတွေ့ရှိနေရပါတယ်။ အစောပိုင်းကာလက ရန်ကုန်ပြန်တွေကတွေ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာ‌တော့ မန္တလေးပြန်တွေကနေ တွေ့ရှိလာတာတွေလည်း များပြားလာနေပါတယ်။ ဒါပေမယ့် မြို့နယ်တစ်ခုလုံးကို Stay At Home အဖြစ် သတ်မှတ်တာတော့ မရှိသေးပါဘူး။ စစ်ကိုင်းမြို့နယ်အတွင်းက ကူးစက်မှုများတဲ့ ကျေးရွာအုပ်စု ၄ အုပ်စုကိုတော့ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းကစတင်ကာ Semi Lock Down ချထားပါတယ်။ တဖက်မှာတော့ Stay At Home မဖြစ် မသတ်မှတ်ထားတဲ့ မြို့နယ်တွေက လဖက်ရည်ဆိုင်တွေကိုတော့ သတ်မှတ်ညွှန်ကြားချက်တွေနဲ့အညီ ဆိုင်ထိုင်စားသောက်ခွင့် ပြုထားပြီလည်း ဖြစ်ပါတယ်။

အေပီတီ

error: Content is protected !!