Home > သတင်း > စစ်ရေး > MMK News- ဖမ်းဆီးခံထားရတဲ့ မုံရွာဗကသကျောင်းသားကို နောက်ရုံးချိန်းထပ်မံချိန်းဆို

MMK News- ဖမ်းဆီးခံထားရတဲ့ မုံရွာဗကသကျောင်းသားကို နောက်ရုံးချိန်းထပ်မံချိန်းဆို


ပြည်တွင်းစစ်ရပ်စဲရေးအတွက် မုံရွာမြို့က လူစည်ကားရာနေရာတွေ၊ ဌာနဆိုင်ရာအဆောက်အဦးရှေ့တွေမှာ စာရွက်ကပ်ခဲ့လို့ဆိုပြီး မုံရွာခရိုင်ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလင်းသူရကို ကို စက်တင်ဘာလ ၁၇ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးခံရပြီး ၂ လကြာတဲ့အထိ မိသားစု၊ အပေါင်းအသင်းတွေနဲ့ တွေ့ခွင့်မရသေးသလို တရားရုံးထုတ်တာတွေလည်း မရှိသေးတဲ့အတွက် စိုးရိမ်စိတ်တွေ ဖြစ်နေကြပါတယ်။
လက်ရှိအချိန်ထိ ကိုလင်းသူရကို ကို ရုံးထုတ်တာ၊ တွေ့ခွင့်မပေးတာတွေကြောင့် မုံရွာထောင်မှာပဲ ချုပ်နှောင်ထားတယ်လို့သာ ယူဆနေကြရပါတယ်။ ဖမ်းဆီးထားပြီး စက်တင်ဘာလ ၁၉ ရက်၊ နိုဝင်ဘာလ ၃ ရက်၊ နိုဝင်ဘာလ ၁၇ ရက်တွေမှာ ရုံးချိန်းတွေ ချိန်းဆိုခဲ့ပြီး ရုံးထုတ်ခဲ့တာမရှိသလို လက်ရှိမှာလည်း ဒီဇင်ဘာလ ၁ ရက်နေ့က ထပ်မံရုံးချိန်း ချိန်းဆိုထားပါတယ်။
ထောင်ဝင်စာတွေ့ခွင့်မပေးတာ၊ ရုံးမထုတ်တာတွေက လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ပင်ရတာဖြစ်တယ်လို့ သက်ဆိုင်ရာတွေက ထုတ်ပြန်ကန့်သတ်ထားပါတယ်။ ဗကသများအဖွဲ့ချုပ်အနေနဲ့တော့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ အမြန်ဆုံးခြွင်းချက်မရှိ လွှတ်ပေးရေးကို လိုလားနေကြပါတယ်။
ပြည်တွင်းစစ်ရပ်တန့်ရေး၊ ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်လည်ရရှိရေး၊ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေး စတဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ လှုပ်ရှားခဲ့တဲ့ မုံရွာက ကျောင်းသားတွေအပြင် မန္တလေး၊ မိတ္ထီလာ၊ ပခုက္ကူ၊ စစ်တွေ စတဲ့ဒေသတွေက ကျောင်းသားတွေလည်း ဖမ်းဆီးခံနေရတာတွေ ရှိပါတယ်။ ဒီမိုကရေစီအစိုးရတစ်ရပ်အနေနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း လိုလားနေကြပါတယ်။

By မျက်မှောက်ခေတ်

error: Content is protected !!